
0
197




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော်သီချင်းကို မရိုမသေလုပ်တဲ့ တရုတ် အင်တာနက် စတား ထောင် ငါးရက်ကျ

အင်တာနက်ကနေ live လွှင့်ပြီး နာမည်ကြီးလာတဲ့ တရုတ် ဆယ်လီဘရစ်တီ တစ်ဦးဟာ တရုတ် နိုင်ငံတော် သီချင်းကို မလေးမစားလုပ်မှုနဲ့ ငါးရက်ကြာ အဖမ်းခံခဲ့ရပါတယ်။

မစ္စ ယန် ကိုင်လီ (၂၁ နှစ်) ဟာ လူမှုကွန်ရက် ပလက်ဖောင်းမှာ follower ၄၄ သန်း ရှိသူဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့က live လွှင့်စဉ်မှာ နိုင်ငံတော် သီချင်းကို မလေးမစား ပြုလုပ်သီဆိုခဲ့တာ ဖြစ်တယ်လို့ ရှန်ဟိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အင်တာနက် သုံးစွဲသူတချို့က သူ့အပြုအမူကို ဒေါသထွက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း ကိုင်လီရဲ့ အပြုအမှုဟာ နိုင်ငံတော်သီချင်းရဲ့ ဂုဏ်သိက္ခာကို စော်ကားတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)