မစ္ခ်ယ္ ဟာရီကိန္း မုန္တိုင္းေၾကာင့္ ဖေလာ္ရီဒါမွာ လူဒါဇင္ခ်ီ ေပ်ာက္ဆံုးေန

0
900

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္မွာ မစ္ခ်ယ္ ဟာရီကိန္း မုန္တိုင္းေၾကာင့္ လူဒါဇင္နဲ႔ခ်ီၿပီး ေပ်ာက္ဆံုးေနၿပီး လွ်ပ္စစ္မီး ျပတ္ေတာက္မႈ၊ စားနပ္ရိကၡာနဲ႔ ေရ ျပတ္လပ္မႈေၾကာင့္ အသက္ရွင္က်န္သူေတြလည္း အခက္အခဲျဖစ္ေနၿပီး ေသဆံုးသူဦးေရ ျမင့္တက္လာႏိုင္တယ္လို႔ ကယ္ဆယ္ေရးသမားေတြက ေျပာပါတယ္။

 

မစ္ခ်ယ္ ဟာရီကိန္းေၾကာင့္ ျပည္နယ္ေလးခုမွာ ေသဆံုးသူ အနည္းဆံုး ၁၈ ဦး ရွိၿပီး မကၠဆီကို ဘိခ်္နဲ႔ ပနားမား စီးတီးတို႔လို ၿမိဳ႕ငယ္ေတြမွာ ၿပိဳက်ေနတဲ့ ေနအိမ္ေတြေအာက္ အသက္ရွင္က်န္သူ ရွိ၊ မရွိ ကယ္ဆယ္ေရးသမားေတြက အနံ႔ခံေခြးေတြ၊ ယႏၱရားႀကီးေတြ အသံုးျပဳ ရွာေဖြေနပါတယ္။

ကုန္းတြင္း မုန္တိုင္း မစ္ခ်ယ္ဟာ အေမရိကန္ျပည္တြင္းမွာ တိုက္ခတ္ခဲ့သမွ် မုန္တိုင္းေတြထဲ အျပင္းထန္ဆံုးအျဖစ္ စာရင္းဝင္သြားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မစ်ချယ် ဟာရီကိန်း မုန်တိုင်းကြောင့် ဖလော်ရီဒါမှာ လူဒါဇင်ချီ ပျောက်ဆုံးနေ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ မစ်ချယ် ဟာရီကိန်း မုန်တိုင်းကြောင့် လူဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေပြီး လျှပ်စစ်မီး ပြတ်တောက်မှု၊ စားနပ်ရိက္ခာနဲ့ ရေ ပြတ်လပ်မှုကြောင့် အသက်ရှင်ကျန်သူတွေလည်း အခက်အခဲဖြစ်နေပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မစ်ချယ် ဟာရီကိန်းကြောင့် ပြည်နယ်လေးခုမှာ သေဆုံးသူ အနည်းဆုံး ၁၈ ဦး ရှိပြီး မက္ကဆီကို ဘိချ်နဲ့ ပနားမား စီးတီးတို့လို မြို့ငယ်တွေမှာ ပြိုကျနေတဲ့ နေအိမ်တွေအောက် အသက်ရှင်ကျန်သူ ရှိ၊ မရှိ ကယ်ဆယ်ရေးသမားတွေက အနံ့ခံခွေးတွေ၊ ယန္တရားကြီးတွေ အသုံးပြု ရှာဖွေနေပါတယ်။

ကုန်းတွင်း မုန်တိုင်း မစ်ချယ်ဟာ အမေရိကန်ပြည်တွင်းမှာ တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေထဲ အပြင်းထန်ဆုံးအဖြစ် စာရင်းဝင်သွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)