
0
218




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားနိုင်ငံကြား ပထမဆုံး အကြိမ် ဆက်ဆံရေးရုံးဖွင့်

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ ကိုရီးယား စစ်ပွဲနောက်ပိုင်းတည်းက ပထမဆုံးအကြိမ်အဖြစ် ဆက်ဆံရေးရုံးဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယား နယ်စပ်နားမှာ ဖွင့်လှစ်မှာဖြစ်ပြီး တောင်ကိုရီးယားဘက်က ကိုယ်စားလှယ် ၂၀ ဦး နဲ့ မြောက်ကိုရီးယား ဘက်က ၂၀ ဦး ပါဝင်မှာဖြစ်ပါတယ်။ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးက ဆက်ဆံရေးဖွင့်လိုက်တာကြောင့် ပြသာနာတွေကိုတိုက်ရိုက် ဆွေးနွေးလို့ရမှာဖြစ် တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ဆက်ဆံရေးဖွင့်လှစ်တာ ဖြစ်ပါ တယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်တို့ဟာ လာမယ့် သီတင်းပတ်မှာ တတိယမြောက်တွေ့ဆုံဆွေးနွေးမှုလုပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)