
0
247




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် စစ်သင်္ဘော တိုက်မိမှု ဟက်ကာကြောင့် ဟုတ်၊ မဟုတ် စစ်ဆေးနေ

စင်ကာပူ ရေပိုင်နက်မှာ အမေရိကန် စစ်သင်္ဘောနဲ့ ကုန်သင်္ဘောတို့ သြဂုတ်လ ၂၁ ရက်နေ့က တိုက်မိမှုဟာ ဟက်ကာတွေ လက်ချက်ကြောင့် ဟုတ်၊ မဟုတ် အမေရိကန်စစ်တပ်က စုံစမ်းစစ်ဆေးနေပါတယ်။

အမေရိကန် ရေတပ်ဖျက်သင်္ဘော ဂျွန် အက်စ် မက်ကိန်းနဲ့ ကုန်တင်သင်္ဘော အယ်လ်နစ် အမ်စီတို့ တိုက်မိမှုကြောင့် အမေရိကန် ရေတပ်စစ်သား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။

မက်ကိန်း ဖျက်သင်္ဘောရဲ့ ကွန်ပြူတာစနစ်ဟာ ထိုးဖောက်ဝင်ရောက်ခံရခြင်း ရှိ၊ မရှိ စစ်တပ်က စစ်ဆေးနေပြီ ဖြစ်တယ်လို့ ရေတပ် စစ်ဆင်ရေးနဲ့ သတင်းထုတ်ပြန်ရေး ဒုတိယ အကြီးအကဲ ရေတပ် ဒု ဗိုလ်ချုပ်ကြီး ဂန် တစ်ဂယ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)