ဂူအမ်ကျွန်းကို တိုက်ခိုက်မယ့်ကိစ္စ မြောက်ကိုရီးယား ဆိုင်းငံ့

0
258

အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တာလတ်ပစ် ဒုံးကျည်နဲ့ ပစ်လွှတ်မယ့်ကိစ္စကို ဆိုင်းငံ့ထားပြီး အမေရိကန် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်မယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယား ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ တင်ပြတဲ့ ဂူအမ်ကျွန်းကို ပစ်ခတ်တိုက်ခိုက်ရေး စီမံကိန်းကို ကင်မ် ဂျုံ အန်းက ရရှိပြီ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဂူအမ်ကျွန်းကို ပစ်လွှတ်မယ့် ဒုံးကျည်ကို ကြားဖြတ် တားဆီးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သဘောတူထားတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။  

မြောက်ကိုရီးယားကို ဖိအားပေးတဲ့ အနေနဲ့ ကျောက်မီးသွေး၊ သံနဲ့ ပင်လယ်စာ တင်သွင်းမှုတွေကို ပိတ်ပင်ဖို့ တရုတ်နိုင်ငံက ချမှတ်လိုက်ပါတယ်။ တရုတ်သမ္မတ ရှိကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးပြီး တစ်ပတ်အကြာမှာ ဒီလို ပိတ်ပင်အရေးယူမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)