သြစတြေးလျမှာ ဂျိမ်းမ်ကွတ်ခ်ရဲ့ ရုပ်တုတွေ ဖျက်လိုဖျက်ဆီး လုပ်ခံရ

0
160

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီရှိ ဗြိတိသျှ နယ်မြေရှာဖွေရေး စွန့်စားသမား ဂျိမ်းမ်ကွတ်ခ်ရဲ့ ရုပ်တုနှစ်ခု ဖျက်လိုဖျက်ဆီး လုပ်ခံရပြီးနောက် သမိုင်းဝင် ရုပ်တုတွေကို အကာအကွယ်ပေးဖို့ စဉ်းစားနေကြောင်း နယူးဆောက်သ်ဝေးလ် ပြည်နယ် ဝန်းကြီးချုပ်က ဒီနေ့ ဇွန် ၁၅ ရက်နေ့မှာ ပြောပါတယ်။

ဆစ်ဒနီမြို့ရှိ ရုပ်တုတွေကို ဆေးမှုတ်ပက်ဖြန်းပြီး ဖျက်ဆီးတဲ့ အမျိုးသမီးနှစ်ဦးလည်း အဖမ်းခံရပါတယ်။

ကမ္ဘာတဝန်းမှာ ယဉ်ကျေးမှုနဲ့ လူမျိုးရေး ခွဲခြားမှုကို ကိုယ်စားပြုတယ်လို့ ယူဆတဲ့ ရုပ်တုတွေကို ဖြိုလှဲ ဖျက်ဆီးမှုတွေ ဖြစ်နေပါတယ်။

နယူူးဆောက်သ်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ် ဂလတ်ဒီစ် ဘရက်ဂျစ်လီယန်က နောက်ထပ် ဖျက်ဆီးမှုတွေ မဖြစ်အောင် ဥပဒေကို တင်းကြပ်မယ်လို့ ပြောပါတယ်။ ဒါတွေကို လုပ်နေတာ အလွန် အလွန်နည်းတဲ့ လူနည်းစုဖြစ်ပြီး အများစုက ပြစ်တင်ဝေဖန်မှု မရှိကြောင်း၊ ဒီလိုလုပ်တာဟာ အရိုအသေမဲ့တာ ဖြစ်ကြောင်း၊ သြစတြေးလျတွေရဲ့ အပြုအမူ မဟုတ်ကြောင်း ပြောပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ်ကလည်း သူမဲဆန္ဒနယ်ထဲက ကွတ်ခ်ကို အမည်ပြောင်းဖို့ ပြောခဲ့တာနဲ့ ပတ်သက်လို့ တောင်းပန်ခဲ့ပါတယ်။

ဂျိမ်းမ်ကွတ်ခ်ဟာ သြစတြေးလျ ကမ်းခြေကို ၁၇၇၀ မှာ ရောက်လာပြီး ပထမဆုံး ကိုလိုနီနယ် ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ 

__________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)