ဟောင်ကောင် ဝေါ့ဒစ္စနေးလန်း ပြန်ဖွင့်မယ်

0
260

COVID-19 ကပ်ရောဂါကြောင့် ငါးလကြာ ပိတ်ထားတဲ့ ဟောင်ကောင် ဝေါ့ဒစ္စနေးလန်းကို ရောဂါ ထိန်းချုပ်နိုင်တာကြောင့် လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ကြေညာလိုက်ပါတယ်။

အလည်လာသူတွေဟာ ကျန်းမာရေးထောက်ခံချက်နဲ့ ပုံမှန် ကိုယ်အပူချိန် တိုင်းတာချက်ကိုလည်း တင်ပြရမှာ ဖြစ်ကြောင်း၊ အစာစားချိန်ကလွဲပြီး နှာခေါင်းစည်း တပ်ထားရမှာ ဖြစ်ကြောင်း ဒီနေ့ ဇွန်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက ရှန်ဟိုင်းမှာ ဝေါ့ဒစ္စနေးလန်း ပြန်ဖွင့်ပြီးနောက် ကမ္ဘာပေါ်ရှိ ဒစ္စနေးလန်းတွေထဲ ဒုတိယမြောက် ပြန်ဖွင့်တဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က ဒစ္စနေးလန်းတွေကတော့ ပိတ်ထားဆဲပါ။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ ပန်းခြံကတော့ လာမယ့် ဇူလိုင်လမှာ ပြန်ဖွင့်ဖို့တော့ စီစဉ်နေပါတယ်။

ဟောင်ကောင်ဟာ တရုတ်ပြီးရင် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် တွေ့ရတဲ့ နေရာပါ။ ကူးစက်သူ ၁၁၀၀ နဲ့ သေဆုံးသူ လေးဦး ရှိပြီးနောက် သယ်ယူပို့ဆောင်ရေးတွေကိုလည်း ပိတ်ထားပါတယ်။

ကမျဘာတလှှားမှာတော့ ခရီးသှားလုပငြနြးတှေ ရပထြားဆဲဖှဈပှီး စီးပှားရေး လုပငြနြးတခွို့ကိုတော့ ဖှင့ခြှင့ပြှုတာတှေ ရှိနပေါတယြ။

__________________

__________________


COVID-19 ကပ်ရောဂါကြောင့် ငါးလကြာ ပိတ်ထားတဲ့ ဟောင်ကောင် ဝေါ့ဒစ္စနေးလန်းကို ရောဂါ ထိန်းချုပ်နိုင်တာကြောင့် လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ကြေညာလိုက်ပါတယ်။

အလည်လာသူတွေဟာ ကျန်းမာရေးထောက်ခံချက်နဲ့ ပုံမှန် ကိုယ်အပူချိန် တိုင်းတာချက်ကိုလည်း တင်ပြရမှာ ဖြစ်ကြောင်း၊ အစာစားချိန်ကလွဲပြီး နှာခေါင်းစည်း တပ်ထားရမှာ ဖြစ်ကြောင်း ဒီနေ့ ဇွန်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက ရှန်ဟိုင်းမှာ ဝေါ့ဒစ္စနေးလန်း ပြန်ဖွင့်ပြီးနောက် ကမ္ဘာပေါ်ရှိ ဒစ္စနေးလန်းတွေထဲ ဒုတိယမြောက် ပြန်ဖွင့်တဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က ဒစ္စနေးလန်းတွေကတော့ ပိတ်ထားဆဲပါ။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ ပန်းခြံကတော့ လာမယ့် ဇူလိုင်လမှာ ပြန်ဖွင့်ဖို့တော့ စီစဉ်နေပါတယ်။

ဟောင်ကောင်ဟာ တရုတ်ပြီးရင် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် တွေ့ရတဲ့ နေရာပါ။ ကူးစက်သူ ၁၁၀၀ နဲ့ သေဆုံးသူ လေးဦး ရှိပြီးနောက် သယ်ယူပို့ဆောင်ရေးတွေကိုလည်း ပိတ်ထားပါတယ်။

ကမ္ဘာတလွှားမှာတော့ ခရီးသွားလုပ်ငန်းတွေ ရပ်ထားဆဲဖြစ်ပြီး စီးပွားရေး လုပ်ငန်းတချို့ကိုတော့ ဖွင့်ခွင့်ပြုတာတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)