ဂရင်းဖဲလ်တာဝါ မီးလောင်မှု သေဆုံးသူ ၁၇ ဦးအထိ ရှိလာ

0
280

လန်ဒန်မြို့မှာ မီးအကြီးကျယ်လောင်ခဲ့တဲ့ ၂၇ ထပ်ရှိ ဂရင်းဖဲလ် တာဝါ မီးဘေးကြောင့် သေဆုံးသူ ၁၇ ဦးအထိ ရှိလာပြီး သေဆုံးသူ အရေအတွက် ဆက်လက် မြင့်တက်လာနေပါတယ်။

(ဓာတ်ပုံ – FACUNDO ARRIZABALAGA/EPA)

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေနိုင်ဖို့ အနံ့ခံခွေးတွေကို အသုံးပြုခဲ့ရပါတယ်။ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်း ရှာဖွေမှုကို သီတင်းပတ် အတန်ကြာ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

အပေါ်ထပ်တွေကို တက်ရောက်ပြီး လူသေ ရုပ်အလောင်းတွေ ရှာဖွေချိန်မှာ အဆောက်အဦး ဘေးအန္တတရာယ် ကင်းရေးအတွက် စိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့ လန်ဒန်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ကန်ဒီက ပြောပါတယ်။ လက်ရှိအချိန်မှာ မီးလောင်မှုကြောင့် ဘယ်နှစ်ဦး ပျောက်ဆုံးနေတယ် ဆိုတာကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)