အမေရိကန်က ကာတာကို ဒေါ်လာ ၁၂ ဘီလီယံတန်ကြေးရှိ တိုက်လေယာဉ်တွေ ရောင်းမယ်

0
247

ကာတာနိုင်ငံနဲ့ အခြား အာရပ်နိုင်ငံတွေကြား ပြဿနာတွေ ဖြစ်ပေါ်နေချိန်မှာပဲ အမေရိကန်နိုင်ငံက ကာတာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိ F 15 တိုက်လေယာဉ်တွေ ရောင်းဖို့ သဘောတူညီလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကြမ်းဖက် အဖွဲ့အစည်းတွေကို ကာတာနိုင်ငံက ကူညီပေးမှုအပေါ် ဝေဖန်ခဲ့ပေမယ့် တိုက်လေယာဉ် အရောင်းဝယ်စာချုပ်ကို အပြီးသတ် စာချုပ်နိုင်ခဲ့ပါတယ်။

အခုလိုမျိုး တိုက်လေယာဉ် ရောင်းချမှုဟာ အမေရိကန်နဲ့ ကာတာနိုင်ငံကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး တိုးမြင့်ဖို့ ကြိုးပမ်းတာလို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သဘောတူစာချုပ်အရ အမေရိကန်ဟာ ကာတာနိုင်ငံကို အက်ဖ် ၁၅ တိုက်လေယာဉ် ၃၆ စင်း လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကာတာ နိုင်ငံဟာ အိုင်အက်စ် အကြမ်းဖက်မှုတွေကို ကူညီပေးမှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ အာရပ်နိုင်ငံအချို့နဲ့ ပြဿနာဖြစ်နေပြီး သံတမန် အဆက်အသွယ် ဖြတ်တောက်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)