လည်ပင်းကို ကျည်ဆံ မှန်ပေမယ့် သတင်းထောက် အသက်မသေ

0
287

တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ မာရာဝီမြို့အတွင်း သတင်းလိုက်နေတဲ့ သြစတြေးလျ ABC သတင်းဌာနရဲ့ အရှေတောင်အာရှဆိုင်ရာ သတင်းထောက် အဒမ်ဟာဗေးဟာ လည်ပင်းကို ကျည်ဆံ ထိမှန်ခဲ့ပေမယ့် အသက်မသေခဲ့ပါဘူး။

သြစတြေးလျနိုင်ငံသား ဂျာနယ်လစ် ဟာဗေးက “ကျွန်တော့်လည်ပင်းကို ကျည်ဆံထိခဲ့တယ်။ လည်းပင်ကို X-ray ဓာတ်မှန် ရိုက်ကြည့်ခဲ့တယ်။ ဓာတ်မှန်မှာ ကျည်ဆံဟာ လည်ပင်းကို ဖောက်ဝင်နေပုံကို တွေရတယ်။ လက်ရှိမှာတော့ ဒဏ်ရာက ကောင်းမွန်နေပါတယ်” လို့ ပြောပါတယ်။

ဟာဗေးရဲ့ လည်ပင်းထဲ ကျည်ဆံစိုက်ဝင်နေတာကို ခွဲစိတ်မှုတွေ လုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်ဆေးရုံက တာဝန်ရှိသူတွေက ပြောပါတယ်။

ဖိလစ်ပိုင် မာရာဝီမြို့မှာ IS လက်အောက်ခံ အဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား သီတင်းပတ် သုံးပတ်ကြာ တိုက်ခိုက်မှုတွေ ဖြစ်နေပြီးမြို့အတွင်းမှာ အရပ်သား ရာချီပိတ်မိနေဆဲ ဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေက မြို့အပြင်ဘက်ကနေ ၀ိုင်းထားပြီး ဖိလစ်ပိုင် အစိုးရတပ်ဖွဲ့တွေအတွက် သတင်းအချက်လက်တွေ ကူညီပေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)