သခင် အိမ်ပြန်အလာကို နေ့စဉ် အိမ်အပေါက်ဝကနေ ၃ နှစ်ကြာ ထိုင်စောင်တဲ့ ခွေးကလေး

0
253

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က ခွေးကလေး တစ်ကောင်ဟာ သခင် ပြန်အလာကို နှစ်ချီ စောင့်ဆိုင်းလျက်ရှိနေရာ ခွေးကလေးရဲ့ ဖြစ်ရပ်အပေါ် တောင်ကိုရီးယားပြည်သူ ထောင်ချီပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်ကျော်က ဘူဆန်မြို့က အမျိုးသမီးကြီးတစ်ဦးဟာ ချစ်စရာကောင်းတဲ့ ခွေးကလေး တစ်ကောင်ကို မွေးစားခဲ့ပါတယ်။ အဲဒီ ခွေးကလေးကို ဖူရှီလို့ အမည်ပေးပြီး အတူ နေထိုင်ခဲ့ပါတယ်။ အမျိုးသမီးကြီး နဲ့ ခွေးကလေး အတူနေထိုင်ပြီး မကြာမီမှာပဲ အမျိုးသမီးကြီးဟာ ဦးခေါင်း ထိခိုက်မှုနဲ့ စိတ်ဖောက်ပြန်သွားခဲ့လို့ ပြုစုကုသနိုင်ဖို့ အထူးစောင့်ရှောက်ရေး ဂေဟာကို ပို့ဆောင်ခဲ့ရပါတယ်။

အမျိုးသမီးကြီးဟာ အဲဒီ ဂေဟာကနေ အိမ်ကို ပြန်လာနိုင်တော့မှာ မဟုတ်ပေမယ့် ခွေးကလေး ဖူရှီကတော့ သူရဲ့သခင် ပြန်အလာကို အိမ်အပေါက်ဝမှာ နေ့ဘက်ကနေ ညအချိန်အထိ ထိုင်စောင့်နေခဲ့တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

အိမ်နီးချင်းတွေဟာ သခင်အပေါ် သစ္စာရှိလွန်းတဲ့ ခွေးကလေးကို အစားစာကျွေးမွေးမှုတွေကြောင့် ခွေးကလေးဟာ အသက် ရှင်သန်နေတာလည်း ဖြစ်ပါတယ်။ အိမ်နီးချင်းတွေက လက်ရှိမှာ ခွေးကလေးကို တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာကို ပို့ဖို့ ဆက်သွယ်နေပြီး ခွေးကလေးရဲ့ ဖြစ်ရပ်ဟာ လူများစွာကို စိတ်မကောင်း ဖြစ်စေတယ်လို့ တောင်ကိုရီယား မီဒီယာများက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)