အကြမ်းဖက်မှု ဆန့်ကျင် တိုက်ဖျက်ရေး ဥပဒေ ဂျပန် ပြဌာန်း

0
258

အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားပြီး အာဏာပိုင်တွေ ဆောက်ရွက်နိုင်မယ့် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး ဥပဒေတစ်ရပ်ကို ဂျပန်လွှတ်တော်က ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

အငြင်းပွားမှုတွေ ရှိနေတဲ့ကြားက ဥပဒေ ပြဌာန်းနိုင်တာ ဖြစ်ပါတယ်။ အဲဒီ ဥပေဒအရ ဂျပန် စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြစ်မှုတွေ ကျူးလွန်သူ ဒါမှမဟုတ် အကြမ်းဖက် လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲစည်းနဲ့ လူတစ်ဦးချင်းစီကို စွဲချက်တင်နိုင်မှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဟာ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာ လုံခြုံရေး ပိုမိုကောင်းမွန်ဖို့နဲ့ ကုလသမဂ္ဂ သဘောတူညီမှုတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အကြမ်းဖက်သမား တိုက်ဖျက်ရေးဥပဒေ လိုတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အတိုက်ခံတွေကတော့ အဲဒီ ဥပဒေကြောင့် အရပ်သား လွတ်လပ်မှု လျော့နည်းနိုင်တဲ့အပြင် နိုင်ငံသားတွေကို ပစ်မှတ်ထား စောင့်ကြည့်တာတွေ ပိုမိုလုပ်လာနိုင်တယ်လို့ ဝေဖန်ကြပါတယ်။ အဲဒီဥပဒေ ပြဌာန်းမှုနဲ့ ပတ်သက်ပြီး လွှတ်တော်အဆောက်အဦး အပြင်ဘက်မှာ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)