ဆောက်သမ်ပတန်နည်းပြ ကလော်ဒီ ပေါ် ရာထူးကနေ ထုတ်ပယ်ခံရ

0
263

ပရီးမီယားလိဂ် ကလပ်အဆင်း ဆောက်သမ်ပတန်အသင်းဟာ  နည်းပြ ကလော်ဒီပေါ်ကို ဇွန် ၁၅ နေ့မှာ ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

အသက် ၅၅ နှစ်အရွယ် နည်းပြဟာ ၂၀၁၆ ခုနှစ် ဇွန်လက နည်းပြအဖြစ် စတင်ယူခဲ့ပြီး နောက် တစ်နှစ်အကြာမှာ ရာထူးကနေ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။ ဆောက်သမ်ပတန် ဟာ ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်ပြီး  ၁၆ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

နည်းပြပေါ်တာဝန်ယူနေတဲ့ ကာလအတွင်းမှာ ဆောက်သမ်ပတန် အသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆောက်သမ်ပတန် အသင်းဟာ နည်းပြသစ် ရှာဖွေနေပြီး အသင်းနဲ့ အံဝင်မှုရှိမယ့် နည်းပြသစ်တစ်ဦးကို ရှာဖွေနိုင်မယ်လို့ ယုံကြည်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)