လူသားချင်း စာနာထောက်ထားလို့ အမေရိကန်ကျောင်းသားကို လွှတ်ပေးခဲ့ကြောင်း မြောက်ကိုရီးယားပြော

0
269

မြောက်ကိုရီးယားနိုင်ငံမှာ  ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ကျခံနေရတဲ့ အမေရိကန်ကျောင်းသား အိုတိုဝမ်ဘီယာကို ၁၇ လကြာ အကျဉ်းချထားရာကနေ ပြန်လွှတ်ပေးခဲ့တာဟာ လူသားချင်း စာနာထောက်ထားမှုအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြုံယမ်းအစိုးရက ပြောပါတယ်။

ဝမ်ဘီယာ ၂၂ နှစ်ဟာ အမေရိကန်ကို လေကြောင်းခရီးနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ သူ့ကို စင်စီနာတီ ဆေးဝါးစင်တာကို လူနာတင်ကားနဲ့ ခေါ်ဆောင်သွားခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်၊ မတ်လအတွင်းမှာ ရုံးတင်စစ်ဆေးခံရပြီးနောက် တစ်နှစ်အတွင်း အပြင်းအထန် သတိလစ်တာတွေ ဖြစ်ခဲ့ကြောင်း သူတို့အနေနဲ့ သိရှိရတယ်လို့ ၀မ်ဘီယာရဲ့မိသားစုတွေက အမေရိကန် မီဒီယာတွေကို ပြောပါတယ်။

ဟိုတယ်တစ်ခုက ၀ါဒဖြန့်ချိရေး ဆိုင်းဘုတ်ကို ခိုးယူဖို့ ကြိုးစားမှုနဲ့ ၀မ်ဘီယာကို မြောက်ကိုရီးယား အာဏာပိုင်တွေက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဝမ်ဘီယာဟာ ဗာဂျီးနီးယားတက္ကသိုလ်မှာ ပညာသင်ယူနေတဲ့ စီးပွားရေး ကျောင်းသားတစ်ယောက်ဖြစ်ပြီး

Young Pioneer Tours လုပ်ငန်းရဲ့စီစဉ်မှုနဲ့ မြောက်ကိုရီးယားနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်အဖြစ် သွားရောက်ခဲ့တာပါ။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)