ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးငယ် ငါးပုံ တစ်ပုံ ဆင်းရဲနွမ်းပါးစွာ အသက်ရှင်နေ

0
265

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးငယ်ငါးဦးမှာ တစ်ဦးဟာ ဆင်းရဲနွမ်းပါးစွာနဲ့ အသက်ရှင် နေထိုင်နေရကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

အဲဒီနိုင်ငံတွေက ကလေးငယ် ၁၃ ရာခိုင်နှုန်းနီးပါးဟာ ဘေးကင်းပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာကို မရကြဘူးလို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အင်္ဂလန်နဲ့ အမေရိကန်မှာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ရတဲ့ကလေးငယ်က ၂၀ ရာခိုင်နူန်းအထိ တက်လာနေပါတယ်။

ဝင်ငွေမြင့်မားလာမှုက ကလေးငယ် အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ဘ၀ ဖြစ်လာဖို့ အကြောင်းမဖြစ်တဲ့ အပြင် အဆင့်အတန်းကွာခြားမှုတွေ ပိုဖြစ်စေတယ်လို့ ယူနီဆက်ဖ်ရဲ့ ညွှန် ကြားရေးမှူး ဆာရာကွတ်ခ်က ပြောပါတယ်။

ဂျပန်နဲ့ ဖင်လန်နိုင်ငံ တွေမှာတောင် အသက် ၁၅ နှစ်အရွယ် ကလေးငယ် ငါးပုံ တစ်ပုံဟာ အခြေခံပညာရေးအဆင့် မရတာ ရှိနေကြောင်း ယူနီဆက်ဖ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)