နာမည်ကြီးလက်ဝှေ့ကျော် မေ၀ဲလ်သာနဲ့ တိုက်ခိုက်နည်းပေါင်းစုံ ပညာရှင် မက်ဂရီဂေါ် ထိုးသတ်မယ်

0
256

အင်္ဂလိပ်လက်ဝှေ့ကျော် မေ၀ဲလ်သာနဲ့ တိုက်ခိုက်နည်းပေါင်းစုံ အသုံးပြုယှဉ် ပြိုင်နိုင်တဲ့ (MMA) ပြိုင်ပွဲဝင် မက်ဂရီဂေါ်တို့ လာမယ့် သြဂုတ်လအတွင်း ယှဉ်ပြိုင်ထိုး သတ်ကြမှာ ဖြစ်ပါတယ်။

အဆိုပါ ယှဉ်ပြိုင်မှုမှာ အင်္ဂလိပ် လက်ဝှေ့စည်းမျဉ်းအတိုင်း ထိုးသတ်ကြမှာဖြစ်ပြီး အမေရိကန်နိုင်ငံ၊ လပ်ဗီးဂတ်စ်မြို့မှာ သြဂုတ်လ ၂၆ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။ သဘောသဘာဝ မတူညီတဲ့ အားကစား နောက်ခံကနေ လာတဲ့သူနှစ်ဦး ယှဉ်ပြိုင်ကြမှာဖြစ်လို့ ဒီပွဲက ၀ါသနာရှင်တွေအတွက် စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

အသက် ၄၀ ရှိ ပြီဖြစ်တဲ့ မေ၀ဲလ်သာက ပွဲပေါင်း ၅၀ ရှုံးပွဲမရှိ စံချိန်တင်နိုင်ဖို့ ကြိုးစားမှာဖြစ်သလို ၁၂ ချီစိန်ခေါ်ပွဲမှာ မက်ဂရီဂေါ်အနေနဲ့ ကန့်သတ်ချက်တွေထဲက ယှဉ်ပြိုင်ရမှာဖြစ်လို့ စိတ်တိုင်းကျ တိုက်စစ်ဆင်နိုင်ဖို့ မလွယ်ကူပါဘူး။

အဲဒီ လက်ဝှေ့ပွဲဟာ ချန်ပီယံဘွဲ့ ရစရာမရှိပေမယ့် နှစ်ဦးစလုံးအတွက် ငွေကြေးအမြတ်အစွန်း ကြီးမားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)