မလေးရှား ဟော့ခ် ၁၀၈ တိုက်လေယာဉ် ပျောက်ဆုံး

0
252

မလေးရှားတော်ဝင် လေတပ်ဖွဲ့ဟာ ပျောက်ဆုံးနေတဲ့ ဟော့ခ် (Hawk) ၁၀၈ အမျိုးအစား တိုက်လေယာဉ် တစ်စင်းကို ရှာဖွေနေပါတယ်။

အဲဒီတိုက်လေယာဉ်ဟာ မလေးရှားနိုင်ငံ၊ ပါဟန်ပြည်နယ်၊ ခွန်တန်မြို့ မြောက်ပိုင်းမှာ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ မလေးရှား တော်ဝင်လေတပ်ဖွဲ့က ပြောပါတယ်။

ဟော့ခ် တိုက်လေယာဉ်ဟာ ကွန်တန် လေတပ် အခြေစိုက်စခန်းက ဒီနေ့ဇွန် ၁၅ ရက်နေ့ မနက် ၁၁ နာရီမှာ စတင် ပျံသန်းခဲ့ပြီး နံနက် ၁၁ နာရီ ၃၀ မှာ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တယ်လို့ မလေးရှား တော်ဝင်လေတပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။

မလေးရှား ကာကွယ်ရေးဝန်ကြီး ဟစ်ဟမ်မက်ဒင်ဟူစိန်က တိုက်လေယာဉ် ပျောက်ဆုံးသွားတဲ့ အပေါ် စိုးရိမ်မိပြီး လေယာဉ်မှုးတွေ ဘေးကင်းဖို့ ဆုတောင်းနေတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)