မိုဂါဒစ်ရှူးမြို့ စားသောက်ဆိုင်တွင်း အသေခံ ဗုံးခွဲမှု ၁၁ ဦးသေ၊ ဓားစာခံတွေ ဖမ်းထား

0
207

ဆိုမာလီနိုင်ငံ၊ မြို့တော် မိုဂါဒစ်ရှူးမှာ ဇွန်လ ၁၅ ရက်နေ့က ကားအသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ခဲ့ပြီး အနည်ဆုံး လူ ၁၁ ဦးသေဆုံးသွားပါတယ်။ အဲဒီတိုက်ခိုက်မှုကို အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပီဇာဟောက်စ် စားသောက်ဆိုင် အတွင်းမှာ ဓားစာခံ ၂၀ ကို ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲဝင် တစ်ဦးဖြစ်တဲ့ အီဘရာဟင်ဟူစိန်က စားသောက်ဆိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်ရေးအဖွဲ့တွေ ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ မျက်မြင်သက်သေတွေက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွအုပ်စုတွေကြား အပြန်လှန် ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ ပြောပါတယ်။

အယ်လ်ကေးဒါ စစ်သွေးကြွအုပ်စု ရဲ့ လက်အောက်ခံ အဖွဲ့ဖြစ်တဲ့ အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့ဟာ မိုဂါဒစ်ရှူးမြို့နဲ့ တခြား အစိုးရ အဆောက်အဦးတွေကို ပြီးခဲ့တဲ့လတွေက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)