ဝါရှင်တန်ပြည်နယ် ဘေစ့်ဘောကွင်းထဲ သေနတ်သမားတစ်ဦး တိုက်ခိုက်

0
268

အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ပြည်နယ် ဘေစ့်ဘောလေကျင့်ကွင်းမှာ ဇွန်လ ၁၅ ရက်မနက်ပိုင်းက လွှတ်တော် အမတ်ကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမားတစ်ဦး သေဆုံးသွားတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပြောပါတယ်။

သေနတ်သမားရဲ့ တိုက်ခိုက်မှုကြောင့် လွှတ်တော်အမတ် စတီဗီ စကာလီစီ အပါဝင် ၅ ဦးဒဏ်ရာ ရသွားခဲ့ပြီး သေနတ်သမားလည်း သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် လွတ်တော်အမတ်ဟာ အရိုးတွေ ကျိုးသွားခဲ့တဲ့အပြင် ၀မ်းတွင်း ကလီစာတွေပါ ဒဏ်ရာရသွားခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

သေနတ်သမား ဟော့ဒ် ကင်ဆန် နဲ့ ရဲတွေ အပြန်လှန် ပစ်ခတ်မှုကြောင့် အသက် ၆၆ နှစ်အရွယ် သေနတ်သမား သေဆုံးသွားတာဖြစ်ပါတယ်။ သေနတ်သမားဟာ သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရီပတ်ဘလီကင် ပါတီ နဲ့ ဒေါ်နယ်ထရမ့် ဆန်ကျင့်ရေး စာသားတွေကိုရေးသားပြီး ဝေဖန်တိုက်ခိုက်သူဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)