ဘင်ဖီကာ နောက်ခံလူ လင်ဒီလောဖ့်ကို မန်ယူ ပေါင် ၃၁ သန်းနဲ့ အပြီးသတ်ခေါ်ယူ

0
303

မန်ယူအသင်းဟာ ဘင်ဖီကာနောက်ခံလူ လင်ဒီလောဖ့်ကို ပြောင်းရွှေကြေး ပေါင် ၃၁ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ နောက်ခံလူဟာ မန်ယူအသင်း နဲ့ ဆေးစစ်မှုတွေ လုပ်ပြီးနောက် အပြီးသတ် စာချုပ်ခဲ့ပါတယ်။ လင်ဒီလောဖ့် ဟာ မန်ယူအသင်းက ခေါ်ယူတဲ့နောက်ခံ ကစားသမားတွေထဲမှာ တန်ဖိုးအကြီးဆုံး နောက်ခံ ကစားသမားတစ်ဦးဖြစ်ပါတယ်။

လင်ဒီလောဖ့် ဟာ မန်ယူအသင်းကို ၄ နှစ်စာချုပ်နဲ့ ပြောင်းရွှေခဲ့တာဖြစ်ပြီး နောက်ထပ် စာချုပ် တစ်နှစ် သက်တမ်းတိုးခွင့်ရှိပါတယ်။ မန်ယူနည်းပြမော်ရင်ဟိုက “ လင်ဒီလောဖ့် ဟာ အရည်အသွေးရှိတဲ့ ကစားသမား ဖြစ်တယ်။ အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုမိုကောင်းမွန်အောင် လုပ်သွားမယ်။ ပြီးခဲ့တဲ့ရာသီမှာဆိုရင် အသင်းဟာလိုအပ်ချက်တွေ ရှိနေခဲ့တယ်။ လာမယ့်ရာသီသစ်မှာတော့ အသင်းကိုပြင်ဆင်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းသွားမယ်” လို့ ပြောပါတယ်။

ဆွီဒင်နောက်ခံလူ လင်ဒီလောဖ့်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၄၇ ပွဲကစားခဲ့သူဖြစ်ပါတယ်။ လင်ဒီလောဖ့်က သူအနေနဲ့ ပရီးမီယားလိဂ် မန်ယူအသင်း နဲ့နည်းပြ မော်ရင်ဟို လက်အောက်မှာ ကစားဖို့ လိုလားနေသူဖြစ်ပြီး အသင်းကိုချန်ပီယံဆုတွေ ရယူနိုင်အောင် ကူညီပေးသွား မယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)