ဂရင်းဖဲလ် တာဝါ မီးလောင်မှု ၁၂ ဦး သေ၊ သေဆုံးသူ ဦးရေ ထပ်မြင့်တက်ဖွယ်ရှိ

0
286

လန်ဒန်မြို့ အနောက်ပိုင်းက အထပ် ၂၇ ထပ်ရှိ ဂရင်းဖဲလ် တာဝါ မီးအကြီးအကျယ် လောင်မှုကြောင့် ၁၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ဆက်လက်မြင့်တက်နိုင်ဖွယ် ရှိနေပါတယ်။

(ဓာတ်ပုံ – FACUNDO ARRIZABALAGA/EPA)

မီးသတ်သမားတွေဟာ ဂရင်းဖဲလ်တာဝါကနေ လူ ၆၅ ဦး ကယ်ထုတ်ခဲ့ရပြီး မီးလောင်ခဲ့တဲ့ တာဝါကြီးအတွင်း ပိတ်မိနေသူတွေ ရှိနေဆဲဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မီးလောင်ချိန်မှာ လွတ်မြောက်ဖို့အတွက် တာဝါအပေါ်ကနေ ခုန်ချတာတွေ ရှိခဲ့ပါတယ်။

လူ ၆၈ ဦးကို လန်ဒန်မြို့က ဆေးရုံ ၆ ရုံကို တင်ပို့ထားရပါတယ်။ ဂရင်းဖဲလ် တာဝါကြီးအတွင်း မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းကို လက်ရှိအချိန်အထိ အတိအကျ မသိရသေးဘဲ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ညွှန်ကြားထားပါတယ်။

ဂရမ်းဖဲလ်တာဝါ အခန်းပေါင်း ၁၃၀ ရှိပါတယ်။ မီးလောင်ချိန်မှာ မီးခိုးငွေ့ မွန်တာတွေကြောင့် မူးမေ့တာတွေရှိခဲ့ပြီး မီးသတ်သမားတွေက ခက်ခက်ခဲခဲ မီးငြိမ်းခဲ့ရတယ်လို့ မီးသတ်ဌာန အကြီးအကဲက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)