ပြင်သစ်သမ္မတအဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်တဲ့ မာရွန် ၀န်ကြီးချုပ် ရွေးချယ်

0
309

ဒီကနေ့မှာ ပြင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံးသမ္မတအဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်တဲ့ အီမန်နျူရယ်မာရွန်ဟာ သူ့ရဲ့ဦးစားပေးနေ့ လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်ရဲ့ ပထမဆုံးအလုပ်အဖြစ် ၀န်ကြီးချုပ်ရွေးချယ်မှုကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ၀န်ကြီးချုပ်ခန့်အပ်မှုဟာ မစ္စတာမာရွန်အတွက် အင်မတန်အရေးကြီးပြီး လာမယ့်လမှာ သူ့ရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး စီမံချက်အတွက် ပါလီမန်ရွေးချယ်မှုကို အထူးသတိထားပြီး ပြုလုပ်သွားရမှာဖြစ်ပါတယ်။

သမ္မတမာရွန်ဟာ ဂျာမနီမှာ ၀န်ကြီးချုပ် အန်ဂျယ်လာမာခေးလ်နဲ့ သွားရောက်တွေ့ဆုံဖို့ရှိနေပါတယ်။
စီးပွားရေးဝန်ကြီးဖြစ်ခဲ့တဲ့အပြင် ရင်းနှီးမြှပ်နှံမှုဘဏ်လုပ်ငန်းသမားလည်းဖြစ်ခဲ့တဲ့မာရွန်ဟာ မနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုပွဲကို ရှောင်ဇေလီဇေနန်းတော်မှာ ပြုလုပ်ခဲ့ပါတယ်။

သမ္မတမာရွန်က ပြင်သစ်ရဲ့တန်ခိုးအာဏာ ကျဆင်းနေတာမဟုတ်ဘဲ ပြန်လည်ဆန်းသစ်လာမယ့်ခေတ်ကို ရောက်ဖို့ လက်တလုံး အလိုကိုရောက်ရှိနေတာဖြစ်ကြောင်း ပြည်သူတွေကို ပြောဆိုခဲ့ပါတယ်။

မစ္စတာမာရွန်က သူ့ရဲ့ဝန်ကြီးချုပ်ရွေးချယ်မှုကို လျို့ဝှက်ထားပါတယ်။ ဒါပေမဲ့ လေဟာဗရီမြို့တော်ဝန် အဲဒူရက်ဖြစ်မယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။ အဲဒီမြို့တော်ဝန်ဟာ သမ္မတရဲ့ လာရီပတ်ဘရီခေး အန်းမတ်ခ်ျပါတီကမဟုတ်ဘဲ ရီပတ် ဘလစ်ကန်ပါတီ ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)