ယီမင်နိုင်ငံမှာ ကာလ၀မ်းရောဂါကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရ

0
273

ယီမင်နိုင်ငံရဲ့မြို့တော် ဆန်နာမှာ လူအများအပြားကို သေဆုံးစေတဲ့ ကာလ၀မ်းရောဂါ ပျံ့နှံ့မှုကြောင့် နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ မြို့တော်ရဲ့ ဆေးရုံတွေမှာ ကာလ၀မ်းလျော ရောဂါလူနာတွေနဲ့ ပြည့်နှက်နေပါတယ်။
ကာလ၀မ်းလျောရောဂါလူနာတွေဟာ ရက်သတ္တပတ်တစ်ပတ်အတွင်း ၈၅၀၀ ကျော်ကြောင်း ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

ငတ်မွတ်ခေါင်းပါးမှုနဲ့ ပြည်တွင်းစစ်က ရောဂါကူးစက်ပျံ့နှံ့မှုကို ယီမင်နိုင်ငံမှာ ပိုမိုလျင်မြန်စေပါတယ်။ ကုလသမဂ္ဂရဲ့ ဖော်ပြချက်အရ လူဦးရေရဲ့သုံးပုံနှစ်ပုံဟာ သန့်ရှင်းတဲ့သောက်ရေမရရှိကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကနေ မေလ ၁၃ ရက်အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကာလ၀မ်းပျက်ရောဂါကြောင့် သေဆုံးသူ ၁၁၅ ဦး ရှိပြီဖြစ်ကြောင်း မနေ့က မြို့တော်ဆန်နာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဒိုမစ်နစ်ခ်စတီလ်ဟတ်က ပြောကြားပါတယ်။

ဆေးရုံဆေးခန်းပေါင်း ၃၀၀ နီးပါးဟာ ဆော်ဒီအစိုးရဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ထောက်ခံမှုရရှိထားတဲ့ သမ္မတဟာဒီအပေါ် သစ္စာခံတဲ့တပ်ဖွဲ့တွေနဲ့ ဟိုသီသူပုန် ဘက်တော်သားတွေ တိုက်ခိုက်မှုအကြားမှာ ပျက်စီးသွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊ မတ်လအတွင်းမှာ တိုက်ပွဲအရှိန်မြင့်တက်လာခဲ့ပြီး အရပ်သားအများစုပါဝင်တဲ့ လူပေါင်း ၈၀၁၀ ဦး အသတ်ခံခဲ့ရပြီး လူပေါင်း ၄၄၅၀၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ယီမင် ပြည်တွင်းစစ်ပွဲကြောင့် လူပေါင်း ၁၈.၈သန်းခန့်ဟာ လူသားချင်းစာ နာထောက်ထားတဲ့ အကူအညီလိုအပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)