ပါပူဝါးနယူးဂိနိမှာ အကျဉ်းထောင် ဆူပူအုံ့ကြွမှုကြောင့် လူ ၁၇ ဦး သေဆုံး

0
330

ပါပူးဝါးနယူးဂီနိကျွန်းရှိ ဘူအီမိုအကျဉ်းထောင်တွင် အကျဉ်းသားတွေ ဆူပူအုံ့ကြွမှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာ ထောင်လုံခြုံရေး တွေက
ပစ်ခတ်နှိပ်နှင်းမှုကြောင့် အကျဉ်းသား ၁၇ ဦးသေဆုံးသွားခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၅၇ ဦးရှိပြီး သုံးဦးကိုပဲ ထောင်လုံခြုံရေးတွေက ပြန်ဖမ်းမိခဲ့ပါတယ်။
လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေက ဒေသတွင်းမှာ လုံခြုံရေးအရ ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
လွတ်မြောက်သွားတဲ့ အချို့အကျဉ်းသားတွေဟာ တရားရုံးမှာ အမှုရင်ဆိုင်နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါအကျဉ်းစခန်းဟာ ပါပူဝါးနယူးဂိနီရဲ့ ဒုတိယအကြီးဆုံး လေ့မြို့မှာ တည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလည်း အလားတူ ထောင်ဆူပြီး အကျဉ်းသားလွတ်မြောက်မှုတွေ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

ပါပူးဝါးနယူးဂိနီက အကျဉ်းထောင်တွေဟာ အကျဉ်းသားဦးရေများပြားမှု၊ နေထိုင်ရတဲ့အခြေအနေ ဆိုးရွားမှု တို့အပြင် တရားရင် ဆိုင်ရချိန် ကြာမြင့်မှုတွေ ဖြစ်ပေါ်နေပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း ထောင်ဖောက်ပြေးမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးအကျဉ်းသား ၁၁ ဦး သေဆုံးခဲ့ပြီး အကျဉ်း သား ၇၀ ခန့်လွတ်မြောက်သွားခဲ့ပါတယ်။

အဲဒီမတိုင်မီနှစ်ကလည်း အကျဉ်းသား ၅၀ ခန့်ဟာ အလားတူဆူပူအုံ့ကြွမှုပြုလုပ်ပြီး ထောင်အတွင်းကနေ လွတ်မြောက်သွားခဲ့ ပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)