နျူကလီးယားဒုံးကျည် ပစ်နိုင်ကြောင်း မြောက်ကိုရီယား ပြောဆို

0
286

ပြီးခဲ့တဲ့ တနင်္ဂနွေနံနက်ပိုင်းက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ထိပ်ဖူးမှာ နျူကလီးယားလက်နက် တပ်ဆင်နိုင်လောက်တဲ့ နည်းပညာရှိနေပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားက ကြုံးဝါးပြောဆို လိုက်ပါတယ်။

 

မြောက်ကိုရီးယားဟာ မနေ့က နံနက်ပိုင်းမှာ တရုတ်နိုင်ငံနယ်စပ်အနီးကနေ ဒုံးကျည်ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေအင်း စတင်တာ ၀န်ယူချိန်မှာ ပထမဆုံးအကြိမ် စစ်ရေးအရ လှုံ့ဆော်မှုကို လုပ်ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။

အဆိုပါ ဒုံးကျည်ဟာ မိနစ် ၃၀ ကြာ ကီလိုမီတာ ၇၀၀ ခန့် ပျံသန်းခဲ့ပြီး အရှေ့ပင်လယ်ဘက်ကို ကျဆင်းခဲ့ပါတယ်။ ဒုံးကျည်ပျံသန်း ချိန်အရ စမ်းသပ်ချက်အောင်မြင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။

“ မြောက်ကိုရီယားအစိုးရက နံနက် ၅ နာရီ ၂၇ မိနစ်မှာ အမျိုးအမည်မသိရှိရတဲ့ ဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့ပါတယ်။ မြောက် ပြုန်ဂန်ပြည်နယ်၊ ကူဆောင်ဒေသအတွင်းကနေ ပစ်ခတ်ခဲ့တာပါ” လို့ တောင်ကိုရီးယားက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ပါတယ်။

တာင်ကိုရီးယားနဲ့အမေရိကန်နိုင်ငံတွေက အဲဒီဒုံးကျည်အကြောင်းကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေ ပြုလုပ်နေ ကြောင်း လည်း သိရှိရပါတယ်။

ဟာဝိုင်အီမှာအခြေစိုက်တဲ့ အမေရိကန်ပစိဖိတ်ဆိုင်ရာစစ်တပ်အကြီးအကဲကလည်း အဆိုပါဒုံးကျည်ကို စိစစ်လေ့လာမှုလုပ်နေ ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအဘေးက ဒုံးကျည်ပစ်ခတ်မှုကို အတည်ပြုပြောဆိုခဲ့ပြီး ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့တားမြစ်မှု ကို ချိုးဖောက်တာပဲလို့ ပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)