တောင်ကိုရီးယားခေါင်းဆောင် မွေးထားတဲ့ ခွေးတွေကို စွန့်ပစ်ခဲ့တယ်လို့ စွပ်စွဲခံရ

0
283

တောင်ကိုရီးယားခေါင်းဆောင်ဟာ သမ္မတနေရာကနေ ဖယ်ရှားခံရချိန်မှာ သူမရဲ့ခွေးတွေကို စွန့်ပစ်ထားခဲ့ကြောင်း တိရိစ္တာန်အခွင့် ရေးအုပ်စုက စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ သမ္မတနန်းတော်က တာဝန်ရှိသူတွေကတော့ အပျိုကြီး ပတ်ခ်ဂွန်ဟေးရဲ့ခွေးတွေကို စောင့်ရှောက်ထားပါကြောင်းနဲ့ ဆက် မွေးမယ့်အိမ်တွေကို လွှဲပြောင်းပေးဖွယ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိပြီး မေးမြန်းစစ်ဆေးခံရချိန်မှာ အဆိုပါခွေးပြဿနာစတင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက သူမကိုဖယ်ရှားမိန့်ချခဲ့တာဖြစ်ပါတယ်။

သူမဟာ ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တင်မြှောက်ခံရပြီးနောက်မှာ ဖယ်ရှားခံခဲ့ရတဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့စနေ၊တနင်္ဂနွေမှာ မစ္စပတ်ခ်ဟာ ချောင်ဝါဒေလို့ခေါ်တဲ့ သမ္မတနန်းတော်ကနေ ထွက်ခွာခဲ့ရပြီး ဆိုးလ်မြို့က သူမရဲ့နေအိမ် ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီလိုပြောင်းရွှေ့မှုမှာ သူမရဲ့ခွေးကိုးကောင် မပါဝင်ခဲ့ပါဘူး။

တိရိစ္ဆာန် ညှင်းပမ်းနှိပ်စက်မှု ကာကွယ်ရေး ဘူဆန်ကိုရီးယား မဟာမိတ်အဖွဲ့က အဆိုပါခွေးတွေကို စွန့်ပစ်ထားခဲ့ပြီး တိရိစ္တာန်ကာ ကွယ်စောင့် ရှောက်ရေးဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

အဆိုပါအဖွဲ့နဲ့အတူ ကမ္ဘာမြေပေါ်မှာအတူယှဉ်တွဲနေထိုင်ရေးတိရိစ္ဆာန်အခွင့်အရေးအဖွဲ့ကလည်း အိမ်မွေးတိရိစ္တာန်ခွေးငယ်လေး တွေကို မစ္စပတ်ခ်က စွန့်ပစ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)