အမေရိကန်က ထိုင်ဝမ်ကို အဆင့်မြင့် လက်နက်တွေ ရောင်းမယ်

0
274

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် အစိုးရဟာ ပိုများပြီး ပိုကောင်းတဲ့ ကာကွယ်ရေးဆိုင်ရာ လက်နက်ခဲယမ်းတွေကို ထိုင်ဝမ်အတွက် ရောင်းချပေးဖို့ ပြင်ဆင်နေပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ဟာ ရှေ့လာမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။ ဒါကြောင့် ဒီလို လက်နက်ရောင်းချပေးမယ့် ကိစ္စဟာ အဓိက ဆွေးနွေးစရာ ဖြစ်လာဖွယ် ရှိပါတယ်။

ဒေါ်နယ် ထရမ့် အစိုးရဟာ ထိုင်ဝမ်နိုင်ငံ လုံခြုံရေးအတွက်ကို အထူးအလေးထားနေတယ်လို့ အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောပါတယ်။
ပင်တဂွန် စစ်ဌာနချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ထောက်ခံပေမယ့် ထိုင်ဝမ်ကို လက်နက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံဖို့ မရောင်းဖို့ သမ္မတဟောင်း အိုဘားမားက တားမြစ်ခဲ့ဖူးပါတယ်။

ရောင်းချပေးမယ့် အထဲမှာ လက်နက် တပ်ဆင်ထားတဲ့ F-16 တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ဆက်သွယ်ရေး ကိရိယာတွေ၊ စောင့်ကြည့် ထောက်လှမ်းနိုင်တဲ့ ကိရိယာတွေ ပါမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကို သူ့လက်အောက်ခံ၊ သူ့အပိုင်ဖြစ်တယ်လို့ သဘောထားနေတဲ့ တရုတ်နိုင်ငံအတွက်တော့ ဒီကိစ္စဟာ လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စ ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)