ထိုင်းမော်ဒယ်လ် ရာမို့စ်ကို မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ၃ လ ချမှတ်

0
319

အသက်(၄၄)နှစ်ရှိပြီဖြစ်တဲ့ ထိုင်းမော်ဒယ် ချက်ချာရာ ရာမို့စ်(ခ) ယူရီးကို ၂၀၁၂ ခုနှစ်တုန်းက ထိုင်းနိုင်ငံအတွင်း မူးယစ်မှောင်ခိုသွင်းမှုနဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးရဲ့ ဂျူရီအဖွဲ့က ကြားနာ စစ်ဆေးတွေပြုလုပ်အပြီးမှာ ထောင်ဒဏ် ၁၅ နှစ်နဲ့ ၃ လ ချမှတ်လိုက်ပါတယ်။

မစ္စရာမို့စ်ဟာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တုန်းက ဒွန်မောင်းလေဆိပ်မှာ သူမ ရဲ့အ၀တ်အစားထည့်တဲ့ ခရီးဆောင်အိတ်ထဲက ကိုကင်း ၂၅၁ မီလီဂရမ် တွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ မှုခင်းရာဇ၀တ်ဆိုင်ရာ တရားရုံးက ရာမို့စ်ကို ထောင်ဒဏ် နှစ် ၂၀ ချခဲ့ပေမယ့် လည်း အမှုမှန်ပေါ်ပေါက်ဖို့အတွက် သတင်းအချက်အလက်တွေ ပေးခဲ့တာကြောင့် ခုလို ထောင်ဒဏ် ၁၅ နှစ်နဲ့ သုံးလအဖြစ် ပြစ်ဒဏ်ကို လျော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။

သူမကို ဒဏ်ငွေ ဘတ် ၁.၅သန်း လည်း ချမှတ်ခဲ့ပါတယ်။ အစောပိုင်းကတည်းက ရာမို့စ်အနေနဲ့ တရားရုံးနှစ်ခုစလုံးမှာ အာမခံမရရှိခဲ့ဘဲ သုံးနှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)