တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲ မေလမှာ ကျင်းပမယ်

0
257

ဖြုတ်ချခံရတဲ့ သမ္မတ ဟောင်း ပတ်ဂွန်ဟေး နေရာမှာ အသစ်ရွေးချယ်ဖို့ တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲကို လာမယ့် မေလ ၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

သမ္မတ ပတ်ဂွန်ဟေးကို နိုင်ငံရေးနဲ့ လာဘ်စားမှု အရှုပ်တော်ပုံတွေမှာ သူမနဲ့ သူမရဲ့ ငယ်ပေါင်း မိတ်ဆွေတို့ ပါဝင်ပတ်သက်တယ်လို့ သတင်းတွေ ထွက်ပေါ်မှုနဲ့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက မတ်လ ၁၀ ရက်နေ့မှာ သမ္မတရာထူးကနေ ဖြုတ်ချလိုက်ပါတယ်။

တောင်ကိုရီးယား အခြေခံဥပဒေအရ ၂ လအတွင်း သမ္မတ ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။ သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာ မေလ ၉ ရက်နေ့ ဖြစ်တယ်လို့ တောင်ကိုရီးယား ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာလိုက်တာပါ။

၂၀၁၂ သမ္မတ ရွေးကောက်ပွဲမှာ ပတ်ဂွန်ဟေးကို ရှုံးခဲ့ဖူးတဲ့ အတိုက်အခံ လစ်ဘရယ် ခေါင်းဆောင် မွန်းဂျဲအင်က အလားအလာ ကောင်းနေကြောင်း သဘောထားကောက်ခံချက်တွေကို ကိုးကားပြီး ဖော်ပြနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)