မလေးအာဏာပိုင်တွေ တောင်းဆိုသလို မတည်းဖြတ်နိုင်ကြောင်း ဒစ္စနေး ပြော

0
296

လိင်တူချစ်သူဇာတ်ကောင်ပါဝင်နေမှုကြောင့် ပြသရက်ရွှေ့ဆိုင်းခံရတဲ့ Beauty and Beast ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူ တွေဖြစ်တဲ့ ဒစ္စနေးထုတ်လုပ်သူတွေက မလေးရှားအာဏာပိုင်တွေ တောင်းဆိုသလို ရုပ်ရှင်ဇာတ်ကားကို တည်းဖြတ်မပေးနိုင် ကြောင်း ပြောဆိုလိုက်ပါတယ်။

နာမည်ကျော်ဗြိတိန်မင်းသမီး အီမာဝပ်ဆန်ရဲ့ ဒီရုပ်ရှင်ကို လာမယ့်ကြာသပတေးနေ့မှာ ပြသဖို့စီစဉ်ခဲ့တာဖြစ်ပေမယ့် ပြန်လည်စိ စစ်မယ်ဆိုပြီး အခုလို ဇာတ်ကောင်တွေကို ပယ်ဖျက်ပေးဖို့ မလေးရှားအာဏာပိုင်တွေက တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မွတ်စလင်လူမျိုးအများစုနေထိုင်တဲ့ မလေးရှားနိုင်ငံမှာ လိင်တူချစ်သူတွေကို တရားမ၀င်သတ်မှတ်ထားပြီး လိင်တူဆက်ဆံတာကို ဖမ်းမိခဲ့ရင် ထောင်ဒဏ်အပြစ်ပေးခံရမှာဖြစ်ပါတယ်။

မလေးရှားဥပဒေအရ မိန်းမလျာဇာတ်ကောင်တွေကို ရုပ်ရှင်ထဲမှာ ထည့်သုံးခဲ့မယ်ဆိုရင် သူတို့ရဲ့အဖြစ်အတွက် နောင်တရနေ တာနဲ့ ဆိုးတဲ့အကျိုးဆက်တွေ ခံစားနေရတာတွေကိုပဲ ထည့်သွင်းရိုက်ကူးခွင့်ပြုထားပါတယ်။

လိင်တူစိတ်ဝင်စားတဲ့ဇာတ်ကြောင်းပါဝင်မှာဖြစ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကစပြီး ဒီရုပ်ရှင်ဇာတ်လမ်းက အငြင်းပွားဖွယ်ဖြစ်လာခဲ့ ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ရုရှားဝန်ကြီးချုပ်က အဆိုပါရုပ်ရှင်ကို လိင်တူ ချစ်သူ ဇာတ်ကောင်ပါဝင်နေတာကြောင့် ပိတ်ပင် ဖို့ ယဉ်ကျေးမှု ၀န်ကြီး ကို တောင်းဆိုခဲ့ပါတယ်။ ဒါ ပေမဲ့ ယဉ်ကျေးမှုဝန်ကြီးက အသက် ၁၆နှစ်အထက် ကြည့်ခွင့်ပြု တယ်ဆိုတဲ့ ကန့်သက်ချက်နဲ့ ပြသခွင့်ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)