လေယာဉ်ပေါ် အိပ်ပျော်နေတဲ့ ခရီးသည် ဖုန်းပေါက်ကွဲ ဒဏ်ရာရရှိ

0
343

အမျိုးသမီးတစ်ဦးရဲ့ နားကြပ်တပ်ထားတဲ့ ဖုန်းမီးထလောင်ခဲ့ပြီးနောက် သြစတေးလျှအာဏာပိုင်တွေက လေယာဉ်ပေါ်မှာ ဘတ္ထရီ အားနဲ့သုံးတဲ့ပစ္စည်းတွေရဲ့အန္တရာယ်ကို သတိပေးပြောကြားလိုက်ပါတယ်။


ဘေကျင်းမြို့ကနေ သြစတေးလျှနိုင်ငံ၊ မဲလ်ဘုန်းမြို့ကို ပျံသန်းတဲ့လေယာဉ်ပေါ်မှာ အမျိုးသမီးက ဖုန်းနားကြပ်နဲ့နားထောင်ရင်း အိပ်ပြီးလိုက်ပါလာခဲ့တာပါ။ ခရီးစဉ်တစ်နေရာအရောက်မှာ ပေါက်ကွဲသံကြောင့် သူမလန့်နှိုးသွားခဲ့ပါတယ်။

နားကြပ်ကို သူမ ဆွဲဖြုတ်လိုက်ပြီး ကြည့်လိုက်တော့ မီးပွားလေးတွေထွက်နေပြီး မီးစွဲလောင်ထားသလို အရည်လည်း စပျော်နေပါပြီ။
အဆိုပါပေါက်ကွဲမှုကြောင့် သူမရဲ့မျက်နှာမဲတူးသွားခဲ့ပြီး လက်တွေမှာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အမည်မဖော်ပြတဲ့အဆိုပါခရီး သည်က ပေါက်ကွဲချိန်မှာ သူသီချင်းနားထောင်နေကြောင်း ပြောပြခဲ့ပါတယ်။

“ မျက်နှာကို လက်နဲ့အုပ်ကိုင်လိုက်တော့ နားကြပ်က လည်းပင်းပေါ်ကျသွားခဲ့တယ်။ ဒါလည်းဆက်ပူနေတုန်းပဲဆိုပြီး အဲဒီအပိုင်း အစတွေကို ကြမ်းပြင်ပေါ် ဆွဲလွှတ်ပစ်လိုက်တယ်။ မီးပွားလေးတွေလည်း ထွက်နေတယ်” လို့ သူမက ပြောပြပါတယ်။

လေယာဉ်အကူတွေက သူမကို ကူညီဖို့အပြေးအလွှားရောက်လာကြပြီး နားကြပ်ဖုန်းပေါ်ကို ရေပုံးနဲ့ရေလောင်းပြီး မီးငြိမ်းသတ်ခဲ့ ကြပါတယ်။ အဲဒီအချိန်မှာ ဖုန်းဘတ္ထရီနဲ့ ပလက်စတစ်ကာဗာက အရည်ပျော်သွားပြီး လေယာဉ်ကြမ်းပြင်နဲ့ ကပ်နေပါတယ်။

မီးထလောင်ခဲ့တဲ့ဖုန်းအမျိုးအစားကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမဲ့ ဖုန်းဘတ္ထရီရဲ့ချို့ယွင်းချက်ကြောင့်ဖြစ်ဖွယ်ရှိကြောင်း သိရှိရ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)