၂၀၀၅ ခုနှစ်မှာ ဒေါ်နယ်လ်ထရန့် အခွန် ဒေါ်လာ ၃၈ သန်းဆောင်ခဲ့ကြောင်း သတင်းပေါက်ကြား

0
287

၂၀၀၅ခုနှစ်မှာ ၀င်ငွေ ဒေါ်လာသန်း ၁၅၀အတွက် သမ္မတဒေါ်နယ်လ်ထရန့် အခွန် ဒေါ်လာ ၃၈သန်းဆောင်ခဲ့ကြောင်း တစိတ်တ ပိုင်းပေါက်ကြားခဲ့တဲ့ အခွန်ထမ်းမှတ်တမ်းအရ သိရှိရပါတယ်။


စာမျက်နှာနှစ်မျက်နှာရှိတဲ့ အခွန်ထမ်းမှတ်တမ်းကို အမေရိကန်ရုပ်သံကွန်ယက် MSNBC က ဖော်ပြခဲ့ပြီး ၀င်ငွေလမ်း ကြောင်း နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။

အခုလိုဖော်ပြတာက တရားဥပဒေနဲ့ဆန့်ကျင်တယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။ ရှိခဲ့ဖူးတဲ့အစဉ်အလာကို ချိုးဖောက်ပြီး မစ္စတာထရန့်က မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ သူ့ရဲ့အခွန်ထမ်း မှတ်တမ်းကို ဖော်ပြခဲ့ပါတယ်။

အခွန်အာဏာပိုင်တွေက စာရင်းစစ်ဆေးနေဆဲဖြစ်ကြောင်း မစ္စတာထရန့်ကပြောဆိုခဲ့ပြီး သူ့ရဲ့ရှေ့နေက အခွန်ထမ်းလွှာထုတ်ပြန် ဖော်ပြတာမျိုးမလုပ်ဖို့ အကြံပြုထားကြောင်း ပြောဆိုခဲ့ပါတယ်။ မစ္စတာထရန့်ကို ဝေဖန်သူတွေကတော့ သမ္မတမှာ ဖုံးကွယ်ထား တဲ့တစ်စုံတစ်ခုရှိနေတယ်လို့ သံသယရှိနေကြပါတယ်။

သမ္မတထရန့်ရဲ့အခွန်မှတ်တမ်းနဲ့ပတ်သက်ပြီးအနည်းငယ်ပဲ သိရှိရ တာကြောင့် အခုပေါက်ကြားမှုက အသေးစိတ်အချက်အလက် တွေမပါပေမယ့်လည်း လုံလောက်ကြောင်း ရုပ်သံသတင်း ကြေငြာသူတွေက ပြောဆိုခဲ့ကြပါတယ်။အခုပေါက်ကြားမှုကြောင့် နောက်ထပ်အခွန်မှတ်တမ်းတွေ ထပ်ပြီးဖော်ပြဖို့ ဖိအားပေးရာ ရောက်မှာဖြစ်ကြောင်းလည်း သူတို့ကဆိုပါတယ်။

ရုပ်သံသတင်းကဖော်ပြခဲ့တဲ့ အခွန်မှတ်တမ်းစာရွက်နှစ်ရွက်အရ မစ္စတာထရန့်ဟာ ဖက်ဒရယ်ဝင်ငွေခွန်အနေနဲ့ ၅.၃သန်းနဲ့ (AMT) လို့ခေါ်တဲ့အခွန် ဒေါ်လာ ၃၁သန်း ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ (AMT) အခွန်သတ်မှတ်ချက်က လွန်ခဲ့ တဲ့နှစ်ပေါင်း ၅၀ခန့်က စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး အချမ်းသာဆုံးပုဂ္ဂိုလ်တွေအနေ နဲ့ အခွန်ထမ်းဆောင်ရာမှာ အားနည်း ချက်၊ခြွင်းချက်တွေရှာပြီး အခွန်လျော့ဆောင်ကြတာကို တားဆီးဖို့ ပြဌာန်းခဲ့တာဖြစ်ပါတယ်။ မစ္စတာထရန့်က အဲဒီသတ်မှတ် ချက်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့သူဖြစ်ပါတယ်။

အခွန် ဒေါ်လာ ၃၈သန်းဘီလ်က ပျဉ်းပြအမေရိကန်နိုင်ငံသားတွေဆောင်တဲ့နူန်းထက်များပြားပြီး အခွန်ပမဏ ၂၄ရာခိုင်နူန်းဖြစ် နေပေမယ့် ၀င်ငွေမြင့်အခွန်ထမ်းဆောင်သူတွေရဲ့ ၂၇.၄ရာခိုင်းနူန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် နည်းပါးနေပါသေးတယ်။

“လေယာဉ်ပေါ်အိပ်ပျော်နေတဲ့ခရီးသည် ဖုန်းပေါက်ကွဲဒဏ်ရာရရှိ”
အမျိုးသမီးတစ်ဦးရဲ့ နားကြပ်တပ်ထားတဲ့ ဖုန်းမီးထလောင်ခဲ့ပြီးနောက် သြစတေးလျှအာဏာပိုင်တွေက လေယာဉ်ပေါ်မှာ ဘတ္ထရီ အားနဲ့သုံးတဲ့ပစ္စည်းတွေရဲ့အန္တရာယ်ကို သတိပေးပြောကြားလိုက်ပါတယ်။

ဘေကျင်းမြို့ကနေ သြစတေးလျှနိုင်ငံ၊ မဲလ်ဘုန်းမြို့ကို ပျံသန်းတဲ့လေယာဉ်ပေါ်မှာ အမျိုးသမီးက ဖုန်းနားကြပ်နဲ့နားထောင်ရင်း အိပ်ပြီးလိုက်ပါလာခဲ့တာပါ။ ခရီးစဉ်တစ်နေရာအရောက်မှာ ပေါက်ကွဲသံကြောင့် သူမလန့်နှိုးသွားခဲ့ပါတယ်။

နားကြပ်ကို သူမ ဆွဲဖြုတ်လိုက်ပြီး ကြည့်လိုက်တော့ မီးပွားလေးတွေထွက်နေပြီး မီးစွဲလောင်ထားသလို အရည်လည်း စပျော်နေ ပါပြီ။
အဆိုပါပေါက်ကွဲမှုကြောင့် သူမရဲ့မျက်နှာမဲတူးသွားခဲ့ပြီး လက်တွေမှာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အမည်မဖော်ပြတဲ့အဆိုပါခရီး သည်က ပေါက်ကွဲချိန်မှာ သူသီချင်းနားထောင်နေကြောင်း ပြောပြခဲ့ပါတယ်။

“ မျက်နှာကို လက်နဲ့အုပ်ကိုင်လိုက်တော့ နားကြပ်က လည်းပင်းပေါ်ကျသွားခဲ့တယ်။ ဒါလည်းဆက်ပူနေတုန်းပဲဆိုပြီး အဲဒီအပိုင်း အစတွေကို ကြမ်းပြင်ပေါ် ဆွဲလွှတ်ပစ်လိုက်တယ်။ မီးပွားလေးတွေလည်း ထွက်နေတယ်” လို့ သူမက ပြောပြပါတယ်။

လေယာဉ်အကူတွေက သူမကို ကူညီဖို့အပြေးအလွှားရောက်လာကြပြီး နားကြပ်ဖုန်းပေါ်ကို ရေပုံးနဲ့ရေလောင်းပြီး မီးငြိမ်းသတ်ခဲ့ ကြပါတယ်။ အဲဒီအချိန်မှာ ဖုန်းဘတ္ထရီနဲ့ ပလက်စတစ်ကာဗာက အရည်ပျော်သွားပြီး လေယာဉ်ကြမ်းပြင်နဲ့ ကပ်နေပါတယ်။

မီးထလောင်ခဲ့တဲ့ဖုန်းအမျိုးအစားကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမဲ့ ဖုန်းဘတ္ထရီရဲ့ချို့ယွင်းချက်ကြောင့်ဖြစ်ဖွယ်ရှိကြောင်း သိရှိရ ပါတယ်။

Chat Conversation End
Type a message…

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)