အီရတ္ႏုိင္ငံ ျပန္လည္ထူေထာင္ေရး မဟာမိတ္ႏုိင္ငံေတြ ေဒၚလာ ၃၀ ဘီလီယံ ကူညီမယ္

0
973

အီရတ္ရဲ႕ မဟာမိတ္ႏိုင္ငံေတြက ႏုိင္ငံျပန္လည္ ထူေထာင္ေရးအတြက္ အီရတ္ႏုိင္ငံကို အေမရိကန္ ေဒၚလာ ၃၀ ဘီလီယံ အကူညီေပးသြားမယ္လို႔ ကတိေပးလုိက္ပါတယ္။

အီရတ္ႏုိင္ငံဟာ IS စစ္ေသြးၾကြအဖြဲ႔နဲ႔ သံုးႏွစ္ၾကာ တုိက္ခိုက္ခဲ့တဲ့ စစ္ပြဲမွာ အႏိုင္ရၿပီးေနာက္ ၂ လၾကာခ်ိန္မွာ ႏုိင္ငံျပန္လည္ ထူေထာင္ေရးလုပ္ေဆာင္ဖုိ႔ စီစဥ္လာတာ ျဖစ္ပါတယ္။ စစ္ပြဲအတြင္း စာသင္ေက်ာင္းေတြ၊ အေျခခံ အေဆာက္အဦးေတြ၊ အိမ္ေတြ၊ လွ်ပ္စစ္ဓာတ္အားေပး စက္႐ံုေတြ ထိခုိက္ခဲ့ၿပီး အေမရိကန္ ေဒၚလာ ၄၅ ဘီလီယံဖုိး ပ်က္စီးဆံုး႐ံႈးခဲ့ရပါတယ္။

အီရတ္ႏုိင္ငံအေနနဲ႔ စစ္ပြဲေၾကာင့္ ပ်က္စီးခဲ့ရမႈ အားလံုးကို ျပန္လည္ တည္ေဆာက္ႏုိင္ဖို႔ အေမရိကန္ေဒၚလာ ၈၈ ဘီလီယံ လုိအပ္ေနတယ္လုိ႔ သံုးသပ္မႈေတြရွိပါတယ္။ အေမရိကန္ ကေတာ့ အီရတ္ကို ကူညီေထာက္ပံ့ေပးေရးနဲ႔ ပတ္သက္ၿပီး ကတိေပးတာ မရွိေသးပါဘူး၊

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေး မဟာမိတ်နိုင်ငံတွေ ဒေါ်လာ ၃၀ ဘီလီယံ ကူညီမယ်

အီရတ်ရဲ့ မဟာမိတ်နိုင်ငံတွေက နိုင်ငံပြန်လည် ထူထောင်ရေးအတွက် အီရတ်နိုင်ငံကို အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံ အကူညီပေးသွားမယ်လို့ ကတိပေးလိုက်ပါတယ်။

အီရတ်နိုင်ငံဟာ IS စစ်သွေးကြွအဖွဲ့နဲ့ သုံးနှစ်ကြာ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ အနိုင်ရပြီးနောက် ၂ လကြာချိန်မှာ နိုင်ငံပြန်လည် ထူထောင်ရေးလုပ်ဆောင်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ စစ်ပွဲအတွင်း စာသင်ကျောင်းတွေ၊ အခြေခံ အဆောက်အဦးတွေ၊ အိမ်တွေ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ ထိခိုက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံဖိုး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အီရတ်နိုင်ငံအနေနဲ့ စစ်ပွဲကြောင့် ပျက်စီးခဲ့ရမှု အားလုံးကို ပြန်လည် တည်ဆောက်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၈၈ ဘီလီယံ လိုအပ်နေတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ အမေရိကန် ကတော့ အီရတ်ကို ကူညီထောက်ပံ့ပေးရေးနဲ့ ပတ်သက်ပြီး ကတိပေးတာ မရှိသေးပါဘူး၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)