
0
947




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သန့်ရှင်းရေး ဝန်ဆောင်မှုရပ်ဆိုင်းလို့ ဂါဇာ ဆေးရုံတွေမှာ ခွဲစိတ်မှု ၅၀ဝ ကို ဆိုင်းငံ့ထားရ

ဂါဇာကမ်းမြှောင်ဒေသက ဆေးရုံတွေမှာ သန့်ရှင်းရေး ဝန်ဆောင်မှုတွေ ရပ်ဆိုင်းနေတာ ၄ ရက်မြောက် ရှိလာပြီးနောက် ဆိုင်းငံ့ထားရတဲ့ ခွဲစိတ်မှု ၅၀ဝ အထိ ရှိသွားပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သန့်ရှင်းရေး ဝန်ဆောင်မှုတွေ ရပ်ထားတဲ့အတွက် ကျန်းမာရေးအရ သင့်လျော်တဲ့ ပတ်ဝန်းကျင်မရှိလို ခွဲစိတ်ရမယ့် ကိစ္စတွေကို ဆိုင်းငံ့ထားရတာ ဖြစ်ကြောင်း၊ သွားဖက်ဆိုင်ရာ ကုသမှုနဲ့ ဓာတ်ခွဲခန်းတွေလည်း မလည်ပတ်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာ ဆေးရုံတွေကို သန့်ရှင်းရေး ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေဟာ ဝန်ဆောင်ခ မရတာ ၅ လ ရှိပြီဖြစ်တဲ့အတွက် သန့်ရှင်းရေး ဝန်ဆောင်မှု ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)