ၿပံဳခ်မ္း အိုလံပစ္ပြဲမွာ ေလျပင္းတုိက္ခတ္လို႔ လူ ၁၆ ဦး ဒဏ္ရာရ

0
1028

ေတာင္ကိုရီးယားႏိုင္ငံ ၿပံဳခ်မ္းေဆာင္းရာသီ အိုလံပစ္ပြဲမွာ မေန႔ ေဖေဖာ္၀ါရီလ ၁၄ ရက္ေန႔က ေလျပင္းေတြ တိုက္ခတ္မႈ ေၾကာင့္ အိုလံပစ္ ဝန္ထမ္းနဲ႔ ပရိသတ္ ၁၆ ဦး ထိခိုက္ဒဏ္ရာရကာ အိုလံပစ္ပြဲအတြက္ တပ္ဆင္ထားတာေတြ တခ်ိဳ႕လည္း ထိခိုက္ပ်က္စီးခဲ့ပါတယ္။

ေလျပင္းတိုက္ခတ္မႈေၾကာင့္ ရြက္ဖ်င္တဲ ၆၀ ေက်ာ္ ပ်က္စီးသြားခဲ့ၿပီး ေလျပင္းတုိက္ခတ္ႏႈန္းက တစ္စကၠန္႔ကို ၇ မီတာႏႈန္းရွိတယ္လုိ႔ ပြဲစီစဥ္သူေတြက ေျပာပါတယ္။

ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္မွာ ေအာ့အန္မႈကို ျဖစ္ေစတဲ့ ႏို႐ိုဗိုင္းရပ္စ္လည္း ပ်ံ႔ႏွံ႔ေနၿပီး လူ ၂၀၀ ေလာက္ကို ကူးစက္ေပမယ့္ အားကစားသမားေတြကိုေတာ့ ကူးစက္မႈ မရွိပါဘူး။ အိုလံပစ္ပြဲ အခမ္းအနား စတင္ဖြင့္လွစ္စဥ္ ကတည္းက လံုၿခံဳေရးဝန္ထမ္း ၁၂၀၀ ထဲက တစ္ခ်ိဳ႕ဟာ အဲ့ဒီ ဗိုင္းရပ္စ္ ကူးစက္ခဲ့တဲ့ အတြက္ေၾကာင့္ ပြဲစီစဥ္သူေတြက စစ္သားေတြကို လံုၿခံဳေရးမွာ အစားထိုးဖုိ႔ ျပင္ဆင္ေနၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြုံချမ်း အိုလံပစ်ပွဲမှာ လေပြင်းတိုက်ခတ်လို့ လူ ၁၆ ဦး ဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းဆောင်းရာသီ အိုလံပစ်ပွဲမှာ မနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လေပြင်းတွေ တိုက်ခတ်မှုကြောင့် အိုလံပစ် ဝန်ထမ်းနဲ့ ပရိသတ် ၁၆ ဦး ထိခိုက်ဒဏ်ရာရကာ အိုလံပစ်ပွဲအတွက် တပ်ဆင်ထားတာတွေ တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ရွက်ဖျင်တဲ ၆၀ ကျော် ပျက်စီးသွားခဲ့ပြီး လေပြင်းတိုက်ခတ်နှုန်းက တစ်စက္ကန့်ကို ၇ မီတာနှုန်းရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ အော့အန်မှုကို ဖြစ်စေတဲ့ နိုရိုဗိုင်းရပ်စ်လည်း ပျံ့နှံ့နေပြီး လူ ၂၀ဝ လောက်ကို ကူးစက်ပေမယ့် အားကစားသမားတွေကိုတော့ ကူးစက်မှု မရှိပါဘူး။ အိုလံပစ်ပွဲ အခမ်းအနား စတင်ဖွင့်လှစ်စဉ် ကတည်းက လုံခြုံရေးဝန်ထမ်း ၁၂၀ဝ ထဲက တစ်ချို့ဟာ အဲ့ဒီ ဗိုင်းရပ်စ် ကူးစက်ခဲ့တဲ့ အတွက်ကြောင့် ပွဲစီစဉ်သူတွေက စစ်သားတွေကို လုံခြုံရေးမှာ အစားထိုးဖို့ ပြင်ဆင်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)