ေျမာက္ကိုရီးယားကို ႏ်ဴကလီးယားစြန္႔လႊတ္ခ်ိန္အထိ ဂ်ပန္နဲ႔ အေမရိကန္ ဖိအားေပးမယ္

0
279

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးနဲ႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္တုိ႔ဟာ ေျမာက္ကိုရီးယား ႏုိင္ငံကို ႏ်ဴကလီယားနဲ႔ ဒံုးက်ည္ အစီစဥ္ေတြ စြန္႔လႊတ္ခ်ိန္အထိ ဖိအားေပးမႈေတြလုပ္ဖုိ႔ သေဘာတူညီခဲ့တယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။

ႏွစ္ႏုိင္ငံေခါင္းေဆာင္ေတြဟာ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔က ဖုန္းဆက္ ေဆြးေႏြးခ်ိန္မွာ သေဘာတူညီခဲ့တာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယား ႏုိင္ငံအေနနဲ႔ ႏ်ဴကလီယား အစီစဥ္ေတြကို မစြန္႔လႊတ္ရင္ အဓိပၸာယ္ရွိတဲ့ ေဆြးေႏြးမႈေတြ ရွိလာမွာ မဟုတ္ဘူးလို႔ ဂ်ပန္ႏုိင္ငံျခားေရး ဝန္ႀကီးက ေျပာခဲ့ပါတယ္။

ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းကေတာ့ ေျမာက္ကိုရီးယား ျပႆနာကို သံတမန္ နည္းလမ္းနဲ႔ လုပ္ေဆာင္ဖုိ႔ တြန္းအားေပးထားၿပီး ေျမာက္ကိုရီးယား ေခါင္းေဆာင္က ေဆြးေႏြးမႈလုပ္ဖို႔ ကမ္းလွမ္းခံထားရပါတယ္။

ေတာင္ကိုရီးယား အုိလံပစ္ၿပိဳင္ပြဲကို တက္ေရာက္ခဲ့တဲ့ အေမရိကန္ ဒုတိယ သမၼတ မုိက္ပန္႔စ္ကလည္း ေျမာက္ကိုရီးယား ႏုိင္ငံအေနနဲ႔ ႏ်ဴကလီးယား အစီစဥ္ေတြကို စြန္႔လႊတ္မယ္ဆုိရင္ အေမရိကန္က ေဆြးေႏြးမႈလုပ္ဖုိ႔ တံခါးဖြင့္ထားတယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို နျူကလီးယားစွန့်လွှတ်ချိန်အထိ ဂျပန်နဲ့ အမေရိကန် ဖိအားပေးမယ်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်တို့ဟာ မြောက်ကိုရီးယား နိုင်ငံကို နျူကလီယားနဲ့ ဒုံးကျည် အစီစဉ်တွေ စွန့်လွှတ်ချိန်အထိ ဖိအားပေးမှုတွေလုပ်ဖို့ သဘောတူညီခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖုန်းဆက် ဆွေးနွေးချိန်မှာ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံအနေနဲ့ နျူကလီယား အစီစဉ်တွေကို မစွန့်လွှတ်ရင် အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေ ရှိလာမှာ မဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းကတော့ မြောက်ကိုရီးယား ပြဿနာကို သံတမန် နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ တွန်းအားပေးထားပြီး မြောက်ကိုရီးယား ခေါင်းဆောင်က ဆွေးနွေးမှုလုပ်ဖို့ ကမ်းလှမ်းခံထားရပါတယ်။

တောင်ကိုရီးယား အိုလံပစ်ပြိုင်ပွဲကို တက်ရောက်ခဲ့တဲ့ အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ်ကလည်း မြောက်ကိုရီးယား နိုင်ငံအနေနဲ့ နျူကလီးယား အစီစဉ်တွေကို စွန့်လွှတ်မယ်ဆိုရင် အမေရိကန်က ဆွေးနွေးမှုလုပ်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)