ကေလးငယ္ ၃၅၇ သန္းေက်ာ္ ပဋိပကၡျဖစ္ပြားရာ ေဒသေတြမွာ ေနထုိင္ေနရ

0
260

အာဖဂန္နစၥတန္၊ ဆိုမာလီယာနဲ႔ ဆီးရီးယားတို႔လို႔ ပဋိပကၡျဖစ္ပြားရာေဒသမွာ ေနထုိင္ၾကတဲ့ ကေလးငယ္ေတြဟာ အၾကမ္းဖက္ခံရမႈေၾကာင့္ ေသဆံုးမႈ ျမင္႔တက္ေနတယ္လုိ႔ ဒီကေန႔ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ Save the Children အဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

၁၉၉၀ ခုႏွစ္ဝန္းက်င္ကစၿပီး ကမာၻတစ္လႊားရွိ ပဋိပကၡျဖစ္ပြားရာ ေဒသေတြမွာ ကေလးငယ္ ၃၅၇ သန္း ေနထုိင္ခဲ့ရတယ္လို႔ ကမာၻလံုးဆုိင္ရာ အဖြဲ႔အစည္းက ေျပာပါတယ္။

အၾကမ္းဖက္ခံရမႈေတြထဲမွာ လိင္ပုိင္းဆုိင္ရာ အျမတ္ထုတ္မႈနဲ႔ ျပန္ေပးဆြဲမႈေတြ အမ်ားဆံုး ပါဝင္ၿပီး လူအသြားအလာမ်ားတဲ့ ေနရာေတြ၊ ၿမိဳ႕ေတြ၊ တုိက္ပြဲေတြမွာ ဗံုးခြဲတုိက္ခုိက္တာေတြအတြက္ အသံုးခ် ခုိင္းေစဖုိ႔ ကေလးငယ္ေတြကို ပစ္မွတ္ထားလာၾကတာ ျဖစ္ပါတယ္။ ၂၀၀၅ ခုႏွစ္ကစၿပီး ပဋိပကၡ ျဖစ္ပြားရာေနရာ ၂၅ ခုမွာ ကေလးငယ္ ၇၃၀၀၀ ေသဆံုးခဲ့ရတယ္လုိ႔ ကုလသမဂၢက ထုတ္ျပန္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးငယ် ၃၅၇ သန်းကျော် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်နေရ

အာဖဂန်နစ္စတန်၊ ဆိုမာလီယာနဲ့ ဆီးရီးယားတို့လို့ ပဋိပက္ခဖြစ်ပွားရာဒေသမှာ နေထိုင်ကြတဲ့ ကလေးငယ်တွေဟာ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးမှု မြင့်တက်နေတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ Save the Children အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၉၉၀ ခုနှစ်ဝန်းကျင်ကစပြီး ကမ္ဘာတစ်လွှားရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ကလေးငယ် ၃၅၇ သန်း နေထိုင်ခဲ့ရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းက ပြောပါတယ်။

အကြမ်းဖက်ခံရမှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ ပြန်ပေးဆွဲမှုတွေ အများဆုံး ပါဝင်ပြီး လူအသွားအလာများတဲ့ နေရာတွေ၊ မြို့တွေ၊ တိုက်ပွဲတွေမှာ ဗုံးခွဲတိုက်ခိုက်တာတွေအတွက် အသုံးချ ခိုင်းစေဖို့ ကလေးငယ်တွေကို ပစ်မှတ်ထားလာကြတာ ဖြစ်ပါတယ်။ ၂၀ဝ၅ ခုနှစ်ကစပြီး ပဋိပက္ခ ဖြစ်ပွားရာနေရာ ၂၅ ခုမှာ ကလေးငယ် ၇၃၀ဝ၀ သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)