၂၀၁၅ ပါရီ ရထား တိုက္ခိုက္မႈ သံသယရွိသူ ေမာ္႐ိုကိုတစ္ဦးကို ဖမ္းဆီး

0
901

ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာ ၂၀၁၅ ခုႏွစ္တုန္းက အျမန္ရထားကို တိုက္ခိုက္ခဲ့မႈနဲ႔ ပတ္သက္ၿပီး သံသယရွိတဲ့ အသက္ ၃၆ ႏွစ္အရြယ္ ေမာ္႐ိုကိုတစ္ဦးကို မေန႔က ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။

အမ္စတာဒမ္ကေန ပါရီကို ေမာင္းႏွင္လာတဲ့ ခရီးသည္ ၅၀၀ ပါ အျမန္ရထားကို အာယြတ္ အီလ္ ခက္ဇာနီက AK-47 နဲ႔ ပစ္ခတ္မႈမွာ အခုဖမ္းဆီးလိုက္တဲ့ သံသယရွိသူဟာ သယ္ယူပို႔ေဆာင္ေရး လုပ္ေပးခဲ့တယ္လို႔ သံသယရွိတာ ျဖစ္ပါတယ္။

အေစာပိုင္းတုန္းက တိုက္ခိုက္မႈကို တစ္ဦးတည္း က်ဴးလြန္တာလို႔ ယူဆခဲ့ေပမယ့္ ေနာက္ပိုင္းမွာ တျခားသူေတြပါဝင္ေၾကာင္း ထုတ္ေဖာ္ႏိုင္ခဲ့ပါတယ္။ သံသယရွိတဲ့ ေမာ္႐ိုကိုဟာ စပိန္ႏိုင္ငံမွာ ေနသူျဖစ္ၿပီး ျပင္သစ္-စပိန္ ပူးတြဲ စံုစမ္းစစ္ေဆးမႈအရ ဘယ္လ္ဂ်ီယမ္ကို သြားဖို႔ ျပင္ေနစဥ္ ပါရီရွိ ဘတ္စ္ကားဂိတ္တစ္ခုမွာ ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၅ ပါရီ ရထား တိုက်ခိုက်မှု သံသယရှိသူ မော်ရိုကိုတစ်ဦးကို ဖမ်းဆီး

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ၂၀၁၅ ခုနှစ်တုန်းက အမြန်ရထားကို တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ အသက် ၃၆ နှစ်အရွယ် မော်ရိုကိုတစ်ဦးကို မနေ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

အမ်စတာဒမ်ကနေ ပါရီကို မောင်းနှင်လာတဲ့ ခရီးသည် ၅၀ဝ ပါ အမြန်ရထားကို အာယွတ် အီလ် ခက်ဇာနီက AK-47 နဲ့ ပစ်ခတ်မှုမှာ အခုဖမ်းဆီးလိုက်တဲ့ သံသယရှိသူဟာ သယ်ယူပို့ဆောင်ရေး လုပ်ပေးခဲ့တယ်လို့ သံသယရှိတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက တိုက်ခိုက်မှုကို တစ်ဦးတည်း ကျူးလွန်တာလို့ ယူဆခဲ့ပေမယ့် နောက်ပိုင်းမှာ တခြားသူတွေပါဝင်ကြောင်း ထုတ်ဖော်နိုင်ခဲ့ပါတယ်။ သံသယရှိတဲ့ မော်ရိုကိုဟာ စပိန်နိုင်ငံမှာ နေသူဖြစ်ပြီး ပြင်သစ်-စပိန် ပူးတွဲ စုံစမ်းစစ်ဆေးမှုအရ ဘယ်လ်ဂျီယမ်ကို သွားဖို့ ပြင်နေစဉ် ပါရီရှိ ဘတ်စ်ကားဂိတ်တစ်ခုမှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)