
0
882




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်ယူတိုက်စစ်မှူး မိုဗစ် လော့စ်အိန်ဂျယ်လိစ်မှာ အိမ်ရှာနေ

မန်ယူအသင်း တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှာ နေအိမ် ရှာဖွေနေပါတယ်။

မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဇီအသင်းက မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး မိုဗစ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေရာ တိုက်စစ်မှူး မိုဗစ်က မေဂျာလိဂ်ကို မပြောင်းခင် သူရဲ့ မိသားစုတွေ ကယ်လီဖိုးနီယားမှာ နေအိမ်ရှာဖွေနေတာ ဖြစ်ပါတယ်။

ဂလက်ဇီ အသင်းဟာ မန်ယူတိုက်စစ်မှူး မိုဗစ်ကို ခေါ်ယူဖို့ ကာလအတန်ကြာ ကတည်းက စိတ်ဝင်စားနေတာ ဖြစ်ပြီး မေဂျာလိဂ် သမိုင်းတစ်လျှောက် လစာအမြင့်ဆုံးပေးကာ ခေါ်ယူဖို့ လိုလားနေပါတယ်။ ဂလက်ဇီ အသင်း နည်းပြ စီဂီ ရှမစ်က မိုဗစ် ဟာ အောင်မြင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူကစားခဲတဲ့ အသင်းတိုင်းမှာ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တယ်လို့ ချီးကျူးပြောဆိုထားပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)