အၾကမ္းဖက္သမား ႏွစ္ဦးရဲ႕ မိဘေတြ လိမ္လည္မႈနဲ႔ ေထာင္က်

0
935

အေမရိကန္၊ တကၠဆက္ျပည္နယ္က မိဘႏွစ္ဦးဟာ သူတို႔ရဲ႕ သားႏွစ္ဦး IS အစၥလာမ္ အၾကမ္းဖက္အဖြဲ႔နဲ႔ ပတ္သက္လုပ္ေဆာင္ေနမႈကို လိမ္လည္ ထြက္ဆိုတာေၾကာင့္ ေထာင္ဒဏ္ ခ်မွတ္ခံရပါတယ္။

မိုဟမ္မက္ အလီ (၅၇ ႏွစ္) ကို ေထာင္ဒဏ္ ၁ ႏွစ္နဲ႔ ဇနီးျဖစ္သူ ဆူမိုင္ယာ အလီ (၄၉ ႏွစ္) ကို ေထာင္ဒဏ္ လ ၃၀ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ သားႏွစ္ဦး အၾကမ္းဖက္အဖြဲ႔နဲ႔ ပတ္သက္လႈပ္ရွားေနမႈနဲ႔ ပတ္သက္ၿပီး FBI ကို လိမ္လည္ထြက္ဆိုခဲ့တာ ျဖစ္ပါတယ္။

သူတို႔ရဲ႕သားေတြ ျဖစ္တဲ့ အာမန္ အလီနဲ႔ အိုမာ အလီဟာ ၂၀၁၄ ခုႏွစ္မွာ ဆီးရီးယားကို သြားေရာက္ၿပီး အၾကမ္းဖက္သမားေတြနဲ႔ ပူးေပါင္းတိုက္ခိုက္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ သူတို႔မိဘေတြကို FBI က ေခၚစစ္ရာမွာ မသိရွိေၾကာင္း လိမ္လည္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက်သမား နှစ်ဦးရဲ့ မိဘတွေ လိမ်လည်မှုနဲ့ ထောင်ကျ

အမေရိကန်၊ တက္ကဆက်ပြည်နယ်က မိဘနှစ်ဦးဟာ သူတို့ရဲ့ သားနှစ်ဦး IS အစ္စလာမ် အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်လုပ်ဆောင်နေမှုကို လိမ်လည် ထွက်ဆိုတာကြောင့် ထောင်ဒဏ် ချမှတ်ခံရပါတယ်။

မိုဟမ်မက် အလီ (၅၇ နှစ်) ကို ထောင်ဒဏ် ၁ နှစ်နဲ့ ဇနီးဖြစ်သူ ဆူမိုင်ယာ အလီ (၄၉ နှစ်) ကို ထောင်ဒဏ် လ ၃၀ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ သားနှစ်ဦး အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်လှုပ်ရှားနေမှုနဲ့ ပတ်သက်ပြီး FBI ကို လိမ်လည်ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့သားတွေ ဖြစ်တဲ့ အာမန် အလီနဲ့ အိုမာ အလီဟာ ၂၀၁၄ ခုနှစ်မှာ ဆီးရီးယားကို သွားရောက်ပြီး အကြမ်းဖက်သမားတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူတို့မိဘတွေကို FBI က ခေါ်စစ်ရာမှာ မသိရှိကြောင်း လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)