ဇင္ဘာေဘြ အဓိက အတုိက္အခံပါတီ ေခါင္းေဆာင္ ကြယ္လြန္

0
932

ဇင္ဘာေဘြ အဓိက အတုိက္အခံပါတီ ေခါင္းေဆာင္ျဖစ္သူ ေမာ္ဂန္ ဆြာဂီ႐ိုင္းဟာ ေတာင္အာဖရိက ႏုိင္ငံမွာ ကြယ္လြန္သြားခဲ့တယ္လို႔ အတိုက္ခံပါတီ MDC ပါတီ တာဝန္ရွိသူေတြက ေျပာပါတယ္။

အသက္ ၆၅ ႏွစ္အရြယ္ ဆြာဂီ႐ိုင္းဟာ ဝန္ႀကီးခ်ဳပ္ေဟာင္း တစ္ဦးျဖစ္ၿပီး အူမႀကီး ကင္ဆာနဲ႔ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ ဆြာဂီ႐ိုင္းဟာ ဇင္ဘာေဘြ သမၼတေဟာင္း ေရာဘတ္မူဂါဘီကို ဆန္က်င္ၿပီး ႏွစ္အတန္ၾကာ ႏုိင္ငံေရးလႈပ္ရွားခဲ့သူ ျဖစ္ကာ ေထာင္လည္း က်ခဲ့ဖူးပါတယ္။

MDC ပါတီ ဒု ဥကၠ႒ မက္ဇူရီက ဆြာဂီ႐ိုင္းဟာ ပါတီအတြက္ စံျပပုဂၢိဳလ္ျဖစ္သလုိ ဒီမုိကေရစီအတြက္ ႀကိဳးပမ္းသူ တစ္ဦး ဆံုး႐ံႈးခဲ့တာ ျဖစ္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဆြာဂီ႐ိုင္းဟာ ၂၀၀၀ ျပည့္ႏွစ္မွာ MDC ပါတီကို တည္ေထာင္ခဲ့ၿပီး သမၼတေဟာင္း မူဂါဘီကို စိန္ေခၚဖုိ႔ စတင္ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇင်ဘာဘွေ အဓိက အတိုက်အခံပါတီခေါင်းဆောင် ကွယ်လွန်

ဇင်ဘာဘွေ အဓိက အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်သူ မော်ဂန် ဆွာဂီရိုင်းဟာ တောင်အာဖရိက နိုင်ငံမှာ ကွယ်လွန်သွားခဲ့တယ်လို့ အတိုက်ခံပါတီ MDC ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၆၅ နှစ်အရွယ် ဆွာဂီရိုင်းဟာ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်ပြီး အူမကြီး ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဆွာဂီရိုင်းဟာ ဇင်ဘာဘွေ သမ္မတဟောင်း ရောဘတ်မူဂါဘီကို ဆန်ကျင်ပြီး နှစ်အတန်ကြာ နိုင်ငံရေးလှုပ်ရှားခဲ့သူ ဖြစ်ကာ ထောင်လည်း ကျခဲ့ဖူးပါတယ်။

MDC ပါတီ ဒု ဥက္ကဋ္ဌ မက်ဇူရီက ဆွာဂီရိုင်းဟာ ပါတီအတွက် စံပြပုဂ္ဂိုလ်ဖြစ်သလို ဒီမိုကရေစီအတွက် ကြိုးပမ်းသူ တစ်ဦး ဆုံးရှုံးခဲ့တာ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဆွာဂီရိုင်းဟာ ၂၀ဝ၀ ပြည့်နှစ်မှာ MDC ပါတီကို တည်ထောင်ခဲ့ပြီး သမ္မတဟောင်း မူဂါဘီကို စိန်ခေါ်ဖို့ စတင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)