ဖေလာ္ရီဒါျပည္နယ္ စာသင္ေက်ာင္းမွာ ပစ္ခတ္မႈ ၁၇ ဦး ေသဆံုး

0
243

အေမရိကန္ႏုိင္ငံ၊ ဖေလာ္ရီဒါျပည္နယ္၊ ပါ့ခ္လန္းၿမိဳ႕ရွိ အထက္တန္းေက်ာင္းမွာ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔က ပစ္ခတ္မႈ ျဖစ္ခဲ့တာေၾကာင့္ အနည္းဆံုး ၁၇ ဦး ေသဆံုးသြားခဲ့ပါတယ္။

ေသနတ္နဲ႔ ပစ္ခတ္တုိက္ခုိက္ခဲ့တဲ့ အသက္ ၁၉ ႏွစ္အရြယ္ ေက်ာင္းသားေဟာင္း နီကိုလပ္ ခ႐ုဇ္ဆုိသူ ျဖစ္ပါတယ္။ ခ႐ုဇ္ဟာ ေက်ာင္းအတြင္း ပစ္ခတ္မူေတြ မလုပ္ခင္ ေက်ာင္းအျပင္ဘက္မွာ ပစ္ခတ္ခဲ့ရာ သံုးဦးေသဆံုးသြားခဲ့ပါတယ္။

ခ႐ုဇ္က ႐ိုင္ဖယ္ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာျဖစ္ၿပီး စာသင္ေက်ာင္းထဲ ဝင္ေရာက္ပစ္ခတ္ခဲ့ခ်ိန္မွာ ေက်ာင္းသား ၁၂ ဦး ထပ္မံေသဆံုးခဲ့ပါတယ္။ ေဆး႐ံုေရာက္ၿပီးမွ ေနာက္ထပ္ ႏွစ္ဦး ေသဆံုးခဲ့တယ္လို႔ အေမရိကန္ အာဏာပိုင္ေတြက ေျပာပါတယ္။ ပစ္ခတ္မႈျဖစ္ခဲ့ၿပီးေနာက္ ျပဳစုကုသဖုိ႔အတြက္ ေဆး႐ံုကို ၁၇ ဦး ပို႔ေဆာင္ခဲ့ရၿပီး အဲဒီထဲမွာ ေသနတ္နဲ႔ ပစ္ခတ္ခဲ့သူ ခ႐ုဇ္လည္း ပါဝင္ခဲ့ကာ ေနာက္ပိုင္းမွာ ရဲအခ်ဳပ္ကို ျပန္လႊဲေျပာင္းခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖလော်ရီဒါပြည်နယ် စာသင်ကျောင်းမှာ ပစ်ခတ်မှု ၁၇ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ပါ့ခ်လန်းမြို့ရှိ အထက်တန်းကျောင်းမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံးသွားခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟောင်း နီကိုလပ် ခရုဇ်ဆိုသူ ဖြစ်ပါတယ်။ ခရုဇ်ဟာ ကျောင်းအတွင်း ပစ်ခတ်မူတွေ မလုပ်ခင် ကျောင်းအပြင်ဘက်မှာ ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးသွားခဲ့ပါတယ်။

ခရုဇ်က ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းထဲ ဝင်ရောက်ပစ်ခတ်ခဲ့ချိန်မှာ ကျောင်းသား ၁၂ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ဆေးရုံရောက်ပြီးမှ နောက်ထပ် နှစ်ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ပြုစုကုသဖို့အတွက် ဆေးရုံကို ၁၇ ဦး ပို့ဆောင်ခဲ့ရပြီး အဲဒီထဲမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ခရုဇ်လည်း ပါဝင်ခဲ့ကာ နောက်ပိုင်းမှာ ရဲအချုပ်ကို ပြန်လွှဲပြောင်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)