ဗင်နီဇွဲလား ဒုသမ္မတကို စွပ်စွဲမှုအတွက် အမေရိကန် ပြန်တောင်းပန်ဖို့ သမ္မတ ပြော

0
308

ဗင်နီဇွဲလား နိုင်ငံရဲ့ ဒုသမ္မတ အပေါ် စွပ်စွဲထားမှုတွေကို အမေရိကန်အစိုးရဘက်က ပြန်လည်တောင်းပန်ပေးရမယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်
မာဒူရို က ဖေဖော်ဝါရီလ (၁၄) နေ့က ပြန်လည် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၃)ရက်နေ့က ဗင်နီဇွဲလား ဒုသမ္မတ တာရက်ခ် အယ်လ် အစ္စမီဟာ နိုင်ငံတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပြုလုပ်နေပြီး နိုင်ငံတကာ က မူးယစ်ဆေးဝါးမှောင်ခို ခေါင်းဆောင်တွေကို ကာကွယ်ပေးထားတယ်လို့ အမေရိကန်ဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

အဲ့ဒီလို စွပ်စွဲပြီးတဲ့နောက် အမေရိကန်ုလုပ်ငန်းရှင်တွေ ဒုသမ္မတ အစ္စမီ နဲ့ လုပ်ငန်းတွဲမလုပ်ကြဖို့ ပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံမှာရှိတဲ့ ဒုသမ္မတ အစ္စမီရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ဒဏ်ခတ်တဲ့အနေနဲ့ ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

ဗင်နီဇွဲလား ဒုသမ္မတ အစ္စမီဟာ သူတာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်း မူးယစ်ကူးသန်းရောင်းဝယ်သူ (၁၀၀) ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း သမ္မတဖြစ်သူ နီကိုလပ်စ် မာဒူရိုက ကာကွယ် ပြောခဲ့ပြီးနောက် အမေရိကန်အစိုးရဘက် က ဒီစွပ်ချက်တွေကို ပြန်လည်တောင်းပန် ပေးရမယ်လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)