အိန္ဒိယက သဘောထားတင်းမာတဲ့ လူငယ်အုပ်စုက ချစ်သူများနေ့မှာ စုံတွဲတွေကို လိုက်တိုက်ခိုက်

0
232

အိန္ဒိယနိုင်ငံက ပြည်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့က သဘောထားတင်းမာတဲ့ ဟိန္ဒူ လူငယ်အုပ်စုတွေဟာ ချစ်သူစုံတွဲတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘီဟာပြည်နယ်မှာရှိတဲ့ ဘာဂ်ျရန်လို့ခေါ်တဲ့ ကမ္ဘာ့ဟိန္ဒိုကောင်စီအဖွဲ့ဝင် လူငယ်တွေက ချစ်သူများနေ့ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ပြီး စုံတွဲတွေကို လိုက်တိုက်ခိုက်ခဲ့တာပါ။

ချစ်သူများနေ့ဟာ သူတို့လူမျိုးရဲ့ ဓလေ့ရိုးရာကို ထိခိုက်တယ်လို့လည်း အဲဒီလူငယ်တွေက ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ ဓလေ့ရိုးရာနဲ့ ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးက လေးစားကြပါတယ်။ ဒီယဉ်ကျေးမှုတွေကို အပြင်က လွှမ်းမိုးတာခံလို့မဖြစ်ဘူး”လို့ အဲဒီ ဘာဂ်ျရန်အဖွဲ့ဝင် လူငယ်တစ်ဦးက ဆိုပါတယ်။

ဘီဟာ ပြည်နယ်လိုပဲ အိန္ဒိယမြောက်ပိုင်းက အာဂရာမြို့မှာလည်း စုံတွဲတွေအတွက် အမှတ်တရ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေရဲ့ရှေ့မှာ ချစ်သူများနေ့ကို ကန့်ကွက်ဆန္ဒထုတ်ဖော်တာ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါပေမဲ့ သဘာထားပျော့ပြောင်းတဲ့ လက်ယာယိမ်းပါတီတစ်ခုဖြစ်တဲ့ MNS ပါတီကတော့ မွန်ဘိုင်းက ရှီဗာဂျီပန်းခြံမှာ ချစ်သူစုံတွဲတွေကို ဆဲဖီလ်ဓာတ်ပုံရိုက်ဖို့ နေရာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)