မြောက်ကိုရီယား ခေါင်းဆောင်နဲ့ အဖေတူ အမေကွဲ တော်စပ်သူ အစ်ကို အသတ်ခံရ

0
275

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းနဲ့ အဖေတူအမေကွဲ တော်စပ်တဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီလ (၁၄) က မလေးရှား နိုင်ငံလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

အသက် (၄၆)နှစ်ရှိပြီဖြစ်တဲ့ ကင်ဂျုံနမ်ဟာ မလေးရှားနိုင်ငံထဲကို ကင်ချိုးဆိုတဲ့နာမည်နဲ့ ၀င်ရောက်လာခဲ့ပြီး မကာအိုကိုသွားမယ့် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံအသတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ သူဟာ မသေဆုံးခင်မှာ မူးနောက်လာတယ်လို့ ခံစားနေရတဲ့အတွက် လေဆိပ်ဝန်ထမ်း တွေက သူ့ကို ဆေးရုံကို ပို့ပေးခဲ့ပေမယ့် လမ်းမှာပဲသေဆုံးခဲ့ပါတယ်။

ဘာကြောင့်သေဆုံးခဲ့လဲဆိုတာ သိရဖို့အတွက် ရင်ခွဲရုံကို ပို့ဆောင်ထားပြီး မလေးရှားရဲတွေကတော့ ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။ အာဏာလုချင်တဲ့ပုံမရှိဘဲ ပြည်ပမှာနေုထိုင်တဲ့ ကင်ဂျုံနမ် အသတ်ခံရတဲ့အပေါ် မြောက်ကိုရီးယား လေ့လာစောင့်ကြည့်သူတွေ တအံတသြဖြစ် နေကြ ပါတယ်။

ဒါဟာ မြောက်ကိုရီယား ဘက်က သူလျှိုအမျိုးသမီးရဲ့ လက်ချက်ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရဘက်က ခန့်မှန်းပြောဆိုနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)