
0
1831


 –




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခင်ပွန်းရဲ့ အီးမေးလ်ကို ခွင့်ပြုချက် မပြုဘဲကြည့်တဲ့ ဇနီး ပေါင် ၁၁၅၀ ဒဏ်ရိုက်ခံရ

ဆွီဒင် အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူရဲ့ အီးမေးလ်ကို ခွင့်မပြုဘဲ ခိုးကြည့်ရာမှာ ခင်ပွန်းရဲ့ ဖောက်ပြန်မှုတွေကို သိရှိခဲ့ပေမယ့် ခွင့်မပြုဘဲကြည့်တဲ့အတွက် ဒဏ်ရိုက်ခံလိုက်ရပါတယ်။

ဆွီဒင် အမျိုးသမီးဟာ သူ့ခင်ပွန်းနဲ့ ကွန်ပြူတာကို အတူတူမျှသုံးကြတာဖြစ်ပြီး ပတ်စ်ဝပ်လည်း အသိပေးထားခဲ့ပေမယ့် သူ့ခင်ပွန်းဟာ အီးမေးလ် အကောင့်သစ်တစ်ခုကို ဖွင့်သုံးနေတဲ့အတွက် သူက ဘာအတွက်ကြောင့်ဆိုတာ သိချင်ခဲ့တာ ဖြစ်ပါတယ်။

အီးမေးလ် ပတ်စ်ဝပ်တွေကိုလည်း ကွန်ပြူအနီးမှာ ချရေးထားလေ့ ရှိကြပြီး အဲဒီချရေးထားတဲ့ ပတ်စ်ဝပ်တွေနဲ့ သူ့ခင်ပွန်းရဲ့ အီးမေးလ်အသစ်ကို ဝင်ကြည့်ရာမှာ ဝင်လို့ ရသွားခဲ့တာ ဖြစ်ပါတယ်။

အီးမေးလ် အသစ်မှာ ခင်ပွန်းဖြစ်သူရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု အများအပြားကို တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးကို ခင်ပွန်းဖြစ်သူကို ရန်တွေ့ခဲ့ပြီး ခင်ပွန်းလည်း အိမ်ပေါ်က ဆင်းသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)