
0
2031


သတိပေးချက် မက်ဆေ့ခ်ျမှာ ဒီ ဒုံးကျည်ပစ်ခတ်မှုဟာ လေ့ကျင့်နေတာ မဟုတ်ကြောင်း၊ အမြန်ဆုံး ပုန်းအောင်းကြဖို့ ရေးထားပါတယ်။ နောက်ထပ် ၃၈ မိနစ်ကြာမှာ ခုနက ပို့လိုက်တဲ့ သတိပေးချက်ဟာ မှားယွင်းပေးပို့ခဲ့တာ ဖြစ်တယ်လို့ မက်ဆေ့ခ်ျ ထပ်ပို့ခဲ့ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုံးကျည် ပစ်ခတ်လိုက်ကြောင်း မှားယွင်း သတိပေးချက်ကြောင့် ဟာဝိုင်အီမှာ ကသောင်းကနင်း ဖြစ်

အမေရိကန်၊ ဟာဝိုင်အီကျွန်းမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်က တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း ဟာဝိုင်အီကို ပစ်ခတ်လိုက်လို့ ပုန်းခိုကြဖို့ သတိပေးချက်တွေ မိုဘိုင်းဖုန်းကတဆင့် ရရှိခဲ့လို့ တစ်ကျွန်းလုံး ကသောင်းကနင်းဖြစ်ခဲ့ကြပါတယ်။

သတိပေးချက် မက်ဆေ့ချ်မှာ ဒီ ဒုံးကျည်ပစ်ခတ်မှုဟာ လေ့ကျင့်နေတာ မဟုတ်ကြောင်း၊ အမြန်ဆုံး ပုန်းအောင်းကြဖို့ ရေးထားပါတယ်။ နောက်ထပ် ၃၈ မိနစ်ကြာမှာ ခုနက ပို့လိုက်တဲ့ သတိပေးချက်ဟာ မှားယွင်းပေးပို့ခဲ့တာ ဖြစ်တယ်လို့ မက်ဆေ့ချ် ထပ်ပို့ခဲ့ပါတယ်။

လူတွေဟာ လမ်းပေါ်ထွက် ပြေးလွှားကာ ခိုလှုံစရာ ရှာခဲ့ကြတာ စာသင်ခန်း တစ်ခုမှာဆိုရင် လူ ၁၀ဝ လောက် စုပြုံရောက်နေတာမျိုးတွေ ဖြစ်ခဲ့ကြပါတယ်။

တချို့ကလည်း သမ္မတ ဒေါ်နယ် ထရမ့်ကြောင့် နျူကလီးယား စစ်ဖြစ်ပြီဆိုပြီး ငိုယိုခဲ့ကြပါတယ်။ ဟာဝိုင်အီကျွန်း၊ ဟိုနိုလူလူမြို့မှာသာ ကသောင်းကနင်း ဖြစ်တာမဟုတ်ဘဲ အနီးအနားက ဝေကီကီကျွန်းကိုပါ ဂယက်ရိုက်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)