
0
2093




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင်မှာ မီးတောင်ပေါက်ကွဲနိုင်ခြေ အမြင့်ဆုံးတပ်လှန့်

ဖိလစ်ပိုင်နိုင်ငံ၊ လူဇွန် ကျွန်းမှာ အလှုပ်ရှားဆုံး မီးတောင်တစ်ခုဟာ ပေါက်ကွဲမယ့် လက္ခဏာတွေ ပြနေလို့ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ပြီး ဒေသခံတွေကို ရွှေ့ပြောင်းခိုင်းနေပါတယ်။

လူဇွန်ကျွန်း တောင်ပိုင်းမှာ ရှိတဲ့ မာယွန် မီးတောင် ပေါက်ကွဲနိုင်ခြေကို အဆင့် ၃ သတ်မှတ်ထားပြီး မီးတောင်အနီး နေထိုင်တဲ့ ဒေသခံရွာသား ၃ ထောင်ကို ရွှေ့ပြောင်းခိုင်းထားပါတယ်။

မီးတောင်နှင့် ငလျင်ဆိုင်ရာ ဖိလစ်ပိုင် အင်စတီကျုက မီးတောင်ဟာ ပြင်းပြင်းထန်ထန် ပေါက်ကွဲလိမ့်မယ်၊ ပေါက်ကွဲမှုဟာ သီတင်းပတ် အနည်းငယ်အတွင်းသာမက ရက်အနည်းငယ်အတွင်းမှာတောင် ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)