
0
2064




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘဂ္ဂဒက်မှာ အသေခံ ဗုံးခွဲမှု နှစ်ခုကြောင့် ၂၇ ဦး သေ

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့လယ်မှာ အသေခံ ဗုံးခွဲမှု နှစ်ခုကြောင့် အနည်းဆုံး သေဆုံးသူ ၂၇ ဦး ရှိတယ်လို့ အီရတ်ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ တေရန် ရင်ပြင်မှာ လူစည်ကားချိန် အသေခံဗုံးခွဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ဆာအဒ် မာအန်းက ပြောပါတယ်။ အသေခံဗုံးခွဲသူ နှစ်ဦးကြောင့် ဒဏ်ရာရသူ ၆၅ ဦး ရှိပြီး သေဆုံးမှု မြင့်တက်လာနိုင်ပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာ ကြေညာမှု မရှိသေးပေမယ့် IS အကြမ်းဖက် အဖွဲ့ရဲ့လက်ချက်လို့ ခန့်မှန်းကြပါတယ်။ စစ်သွေးကြွ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု ဘဂ္ဂဒက်မြို့တော်နဲ့ အီရတ် နိုင်ငံတစ်ဝန်းမှာ တိုးမြင့်လာနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)