
0
2055




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁၉၆၀ ဖော်မြူလာဝမ်း ပြိုင်ကားချန်ပီယံ အသက် ၈၆ နှစ်မှာ ကွယ်လွန်

ဖော်မြူလာဝမ်း (Formula One) ပြိုင်ကားမောင်း ပြိုင်ပွဲမှာ ၁၉၆၀ ခုနှစ်က အနိုင်ရရှိခဲ့သူ အမေရိကန်နိုင်ငံသား ဒန် ဂါနီ ဟာ အသက် ၈၆ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားမှာ ကွယ်လွန်သွားပါတယ်။

မနေ့က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း သူ့မိသားစုဝင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

၁၉၅၉ ခုနှစ်ကနေ ၁၉၇၀ အတွင်း အကြော်ကြားဆုံးနဲ့ အန္တရာယ် အများဆုံး ကာလမှာ ဖော်မြူလာဝမ်း ကားမောင်းသမားအဖြစ် ဂါနီ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ကားမောင်းပြိုင်ပွဲအသင်း တည်ထောင်သူ ဘရုစ် မက်ခ်လာရင် သေဆုံးပြီးနောက် ၁၉၇၀ ပြည့်နှစ်မှာ ဂါနီဟာ ဖော်မြူလာဝမ်း ကားမောင်းသမားအဖြစ်ကနေ အနားယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)